အခန်း - ၇၆

3.3K 136 3
                                        

နောက်နေ့မနက် မိုးဇေနိုင်၊ ဝေလနှင့် ခန်နိုင်းမံတို့ အိမ်ထိလိုက်ချော့တာတောင် ဘီလီယံ ခွင့်မလွှတ်နိုင်ဘဲ စိတ်ဆိုးနေသည်။

"မင်းတို့ကလည်း မင်းတို့ပဲ၊ သူ့ဟာသူနေတဲ့သူကို သွားသွားမွှေနေတာ"

ခီရာဦးကပါ ထမင်းကြော်ရင်း အိမ်ပြင်က မနက်စာသွားဝယ်မည့် ဘီလီယံကြားအောင် တစ်ချက်ထောင်လိုက်ပြန်သည်။

"ဟေ့ကောင် တိုးတိုးပြောစမ်းပါ၊ စိတ်ဆိုးနေပါတယ်ဆို"

"နည်းတောင်နည်းသေးတယ် ခံကြ"

"ငါတို့က သူ့ကို အထီးမကျန်စေချင်လို့ ဟိုကောင်လေးနဲ့ အဆင်ပြေသွားလည်းကောင်းတာပဲဆိုပြီး ထည့်ပေးလိုက်တာပါကွာ မင်းကလည်း"

"အေး အဆင်မပြေလို့တော်သေးတာပေါ့၊ အဆင်များပြေရင် ဟိုကောင်က မင်းတို့နှစ်ယောက်ကို သေခန်းဖြတ်ပစ်တော့မှာ"

"မင်းကလည်း နည်းနည်းပါးပါးချော့ပြောပေးစမ်းပါအုံးကွာ"

ဝေလက ခန်နိုင်းမံကို အကူအညီတောင်းသည်။

"မချော့ပြောပေးနိုင်ပါဘူး၊ ငါ့လည်း စိတ်ဆိုးနေတာပဲလေ"

"မင်းဟာက အမှုသေးသေးတယ်လေ၊ မူးလို့ရစ်မိတာက သူပြန်လာရင် နည်းနည်းပါးပါး ချွဲပြီး ချော့လိုက်ရုံပဲ"

"ရော့ မြိုကြ"

ခီရာဦးက သူတို့သုံးယောက်အတွက် ထမင်းကြော်ကို တစ်ဇလုံတည်းထည့်ပေးလိုက်သည်။ မီးဖိုချောင်မှာ စားပွဲကပ်ထားတာမို့ ထိုမှာပဲ သူတို့လေးယောက်ထိုင်လိုက်ကြ၏။

"ဟေ့ကောင် တစ်ပန်းကန်စီတော့လုပ်ပါဟ ဧည့်သည်ကို"

"ဘာဧည့်သည်လဲ -ီးဧည့်သည်"

ပါးစပ်က ညည်းနေပေမဲ့ သုံးယောက်သားလက်ကတော့ ဇွန်းသုံးချောင်းနှင့် နှိုက်စားနေပြီဖြစ်သည်။ အဆောင်မှာလည်း အတွင်းခံတောင်မျှဝေလောက်အောင် ညစ်ပတ်လုံးထွေးကြတဲ့ ကောင်တွေမို့ ထမင်းကြော်တစ်ပန်းကန်တည်း အတူစားရတာလောက်ကို မမှု။

"ကော်ဖီသောက်အုံးမယ်"

ခန်နိုင်းမံက စားနေရင်း ဟင်းချက်သည့်နေရာသို့ပြေးကာကော်ဖီထုတ်တွေ ရှာပြီး ဖျော်သောက်နေသည်။ ဘီလီယံကတော့ သွားဝယ်ရုံပဲဆိုပြီး အပြင်မှာပဲ မနက်စာစားနေဟန်တူသဖြင့် သူတို့ ဒီမှာမနက်စာစားရင်း သူ့ပြန်အလာကိုစောင့်ကြရသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now