အခန်း - ၇၅

3K 138 7
                                        

မိုးဇေနိုင်ကို ရန်ကုန်က ငှါးထားသည့်တိုက်ခန်းကိုပဲ သူတို့ ခေါ်လာဖြစ်သည်။

"ဟောဒီမှာ ကြည့်.."

ဘီလီယံက သူ့အိတ်ထဲမှ check သုံးစောင်ကို ထောင်ပြပြီး မိုးဇေနိုင်ကိုပေးလိုက်သည်။

"ဟိုဘိုးတော်ဆီက တောင်းလာခဲ့တာ၊ သူ့လောင်းကစားရှုံးသွားပြီလေ"

ထိုအိမ်ကသူတို့မပြန်ခင်မှာ ဦးလွှမ်းမြင့်တို့မိသားစုဆီသို့ မိုးဇေနိုင်အား ထပ်မသွားစေလိုတော့သည့်အတွက် ကိစ္စအပြတ်ရှင်းရန် ပိုက်ဆံတောင်းခဲ့သည်။ ဦးလွှမ်းမြင့်ကလည်း ကြည်ကြည်ဖြူဖြူပဲ ပေးခဲ့ပါသည်။ အိမ်ကပြန်အထွက်မှာတင် သူတို့နင်းကန်ကျွေးလိုက်သော ရေခဲမုန့်တွေစားပြီး သောင်လင်းခကြွယ် ချွဲကြပ်ကာ ချောင်းဆက်တိုက်ဆိုးနေ၍ သူ့အဖေကို အော်ခေါ်နေသော အိမ်အကူအဒေါ်ကြီ၏ ကပြာကယာအသံကို ကြားလိုက်ရသည်။ ခီရာဦး အူမြူးသွား၏။

"ငါတို့ မိုးဇေနိုင်ကို နှိပ်စက်တဲ့ သောက်ရူး နည်းတောင်နည်းသေးတယ်"

ခန်နိုင်းမံကလည်း ရယ်သွေးသွမ်းပြီး ဒင်း ချောင်းဆိုးသံတဟွတ်ဟွတ်ကို ငြိမ်နားထောင်နေခဲ့သည်။

"ငါတို့အဲ့ကောင်ကို ရေခဲမုန့်တွေ ရှယ်သိပ်ပေးလိုက်တာ သိလား"

မိုးဇေနိုင်က သူတို့ကိုမနိုင်ဘူးဆိုသည့်ပုံစံနှင့် ခေါင်းယမ်းရယ်နေရင်းမှ..

"ငါခု ကျောင်းကနေ တစ်ပတ်ခွင့်ယူလာတာ၊ ပြန်တော့သွားရမယ်"

"အေးပေါ့၊ မင်း ကျောင်းပြီးဖို့ဘယ်နှနှစ်လိုသေးတာလဲ"

"နှစ်နှစ်လိုသေးတယ်.."

မိုးဇေနိုင်က လေသံတိမ်တိမ်လေးနှင့် ပြောလိုက်သလို ဒန်းမွေ၏ မျက်နှာကလည်း ညှိုးငယ်သွားသည်။

"မောင် ကျွန်တော်နဲ့လိုက်ခဲ့လေ"

"ငိ.. ငါတို့ကျ ခေါ်မယ်မရှိဘူး ဒီကောင်"

ခီရာဦး အရွှန်းဖောက်သည်ကို မိုးဇေနိုင်က လျှာထုတ်ပြောင်ပြလိုက်ပြီး

"မင်းတို့ကိုဘာလို့ခေါ်ရမှာလဲ၊ ငါ့ရည်းစားပဲ ငါခေါ်မှာပေါ့ နော် မောင်"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now