အခန်း-၅၁

4.2K 271 96
                                        

လင်းခရည်းစားရသွားသော သတင်းမှာ ဆင်းရဲသားရပ်ကွက်၌ လောင်သောမီးလို သူတို့အဖွဲ့ထဲတွင် တမုတ်ဟုတ်ချင်း ပျံ့နှံ့သွားပါ၏။ တစ်ဆက်တည်းမှာပင် ကိုဒန်းမွေကို သူ စိတ်မဝင်စားကြောင်း သိထားသော ဘီလီယံမှာ လတ်တလောအခြေအနေကြောင့် အထူးအဆန်းဖြစ်ပြီး စပ်စုပါတော့၏။

"မင်းတို့ကဘယ်ကနေဘယ်လိုတွဲဖြစ်သွားတာလဲ"

သူကိုယ်တိုင်လက်ခံခွင့်ပြုလိုက်ပြီးမှ အားမတန်လို့မာန်လျှော့ရသည့်မျက်နှာမျိုးဖြစ်နေသည်ကို ဘီလီယံ နားမလည်။

"ကိုဒန်းမွေကငါ့ကိုသဘောကျနေတာကြာပြီလေ.. အဲ့ဒါငါလည်းသူ့ကို တွဲကြည့်ချင်လာလို့"

"ဟင် မင်းအဖြေက ဘယ်လိုကြီးလဲ.. မင်းသူ့ကို ကြိုက်လို့မဟုတ်ဘူးလား.. အာ့ အားနာတယ် ဖြည်းဖြည်းလုပ်"

ဘီလီယံက ဝေလပေါင်ပေါ်မှာ ခေါင်းအုံးအိပ်လျက် နာဖာချေးကလော်ခံနေရာမှ ဝေလက ခပ်နက်နက်ထိုးကလော်မိသွားသဖြင့် လန့်ပြီး အော်လိုက်ရသည်။ ဝေလက ဆောတီးဆောတီးဟု ပြောပြီး သွားစိပြလိုက်သဖြင့် ဘီလီယံလည်း လင်းခဘက် ပြန်အာရုံရောက်သွား၏။

"ကြိုက်ပါတယ်.. ဒီတိုင်းပဲ သူအနားမှာရှိနေရင် လုံခြုံပြီးနွေးထွေးသလို ခံစားရပြီး သူ့ကိုလည်း အဲ့လိုလေးခံစားရစေချင်တယ်.."

"အမယ်မယ်.. ငါတို့ရေခဲတုံးက ကြွယ်လှချည်လား"

သူ့အနောက်က ခန်နိုင်းမံက ဘီယာခိုးမော့ရင်း ဝင်ဖောက်လိုက်သဖြင့် လင်းခ ရှက်သွားပြီး မျက်နှာတည်လိုက်ရသည်။

"မင်းအတွက်တော့ငါတို့ဝမ်းသာပါတယ်.. ဒါပေမဲ့ ငါတို့စစ်ကိုင်းသားကို နောက်ကားတွေကျော်တက်ကုန်ပြီကွ ခွီ"

ခီရာဦးက သူ့မျက်နှာတွင် mask ကပ်နေရင်း နှုတ်မှ ဝေလ၏ အနာကို လှမ်းဆွသည်။ ဝေလ၏ အချစ်ရေးက အမြဲအဆင်မပြေဖြစ်နေတာမို့ သူတို့တစ်ဖွဲ့လုံးအားပေးနှစ်သိမ့်ကြရသလို ယောက်ျားလေးများသဘာဝ အချင်းချင်းစနောက်ပြီး ဝေလကို move on နိုင်အောင် လှုံ့ဆော်ပေးကြတတ်ကြ၏။ ဝေလမှာလည်း သူတို့ဟာသတွေကို ရယ်နေရုံသာတတ်နိုင်ပါသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now