အခန်း - ၇၃

3.3K 204 15
                                        

"မိုက်တယ်ဟ.. ကောင်းတယ်ဟ"

ရေခဲမုန့်တွေကို flavor စုံအောင်စားပြီး သဘောကျနေသော လင်းခကို သူတို့လေးယောက် စိုက်ကြည့်ပြီး ဘယ်ကနေစမေးမှန်းမသိ ဖြစ်နေသည်။ ကိုကြီးဒန်းမွေကတော့ သူထိုင်နေသည့်ထိုင်ခုံအောက်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး သူ့ပါးစပ်ကပေရေသမျှကို တစ်ရှူးနှင့် တယုတယ သုတ်ပေးနေသည်။

"လင်းခ.."

အတန်ကြာမှ ဘီလီယံက ခေါ်လိုက်ပြီး သူတို့ငါးယောက်စုရိုက်ထားသော ဓာတ်ပုံကို လင်းခ၏မျက်နှာရှေ့ ထိုးပြလိုက်သည်။

"ဒီမှာလေ.. ငါတို့ငါးယောက်ပုံ.. ဒီမှာ ဒါက မင်း.. မှတ်မိလား"

အဆောင်တွင် ကိုကြီးဒန်းမွေရိုက်ထားမိသော သူတို့ဂိမ်းဆော့နေသည့် ပုံ တစ်စောင်းဖြစ်သည်။ အဲ့ပုံကြည့်ပြီးတာတောင် အူတူတူဆက်လုပ်နေတော့ ဘီလီယံလည်း သူတို့ငါးယောက် မင်္ဂလာမန္တလေးက Photo Booth မှာရိုက်ထားသည့်ပုံတွေအပြင် selfie ဆွဲထားသည့်ပုံနှင့် ဗီဒီယိုတွေပါ အကုန်ပြလိုက်၏။

"မင်းကငါတို့သူငယ်ချင်း လင်းခလေ.. ငါတို့ လေးနှစ်လုံး ကျောင်းအတူတူတက်ခဲ့ကြတယ်.. အဆောင်မှာလည်း နေခဲ့ကြတယ်.. မင်းမမှတ်မိဘူးလား... ဒါကကျ မင်းချစ်သူလေ ကိုကြီးဒန်းမွေ.. မှတ်မိလား"

ဒန်းမွေကလည်း သူတို့အတူရိုက်ထားသည့်ပုံတွေပြပြီး..

"မောင့်ကို မှတ်မိလားဟင်.. မောင်လေ ကလေးရဲ့ သေချာကြည့်ပါအုံး"

လင်းခက သူတို့ဝိုင်းအုံမေးနေကြသည်ကို မျက်စိနောက်ကာ စိတ်ရှုပ်ပြီး ထအော်တော့သည်။

"ဟာ ဘာတွေလာပြောနေတာလဲ၊ ငါ ဘယ်သူ့သူငယ်ချင်းမှမဟုတ်ဘူး ငါက ကမ္ဘာကြီးကိုကယ်တင်ရမဲ့လူ၊ မင်းတို့သူငယ်ချင်း မင်းတို့ရည်းစားမဟုတ်ဘူး"

ဟုဆိုကာ သူ့ရှေ့က ဘီလီယံ့ကို ရင်ဘတ်ချင်းတိုက်၍ တွန်းပစ်လိုက်၏။

"ဟင်.."

ဘီလီယံ ကြောင်ပြီး သူတွန်းသည့်နေရာမှာရပ်နေမိလျှင် သူကနေရာမှာပြန်ထိုင်ပြီး ရေခဲမုန့်ဆက်စားနေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူ့ကို အတင်းပြန်ဆွဲထူလိုက်၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now