Uni
မြောက်များစွာသော ရောင်စုံကျောင်းသားတွေက ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေတဲ့ ပေကျင်း ရဲ့ကျင်းတက္ကသိုလ်ကြီး...
ဘာသာရပ်ပေါင်းများစွာကို ပို့ချနေတဲ့ ကြီးမားလှတဲ့ ကျောင်းတော်ကြီးမှာ အနယ်အရပ်ရပ် မှ လာကြတဲ့ကျောင်းသားတွေ မနည်းလှ....ထိုအထဲမှာ ချုံချင့်သားလေးလဲ ပါခဲ့သည်...အမြဲလိုလို နုဖတ်နေတတ်တဲ့ အသား ဖွေးဖွေး နဲ့လိုက်ဖက်စွာ ယုန်သွားလေး နဲ့ ချစ်ဖို့ကောင်းသည်...မျက်လုံးတွေ မိတ်ကျသွားသည်အထိ ပြုံးရယ်ကာ ဖော်ရွေသူမို့ လူချစ်လူခင်အများသား..
" ဖြည်းဖြည်း လျှောက်ပါကျန့်ကျန့်ရာ..ငါတို့မလိုက်နိုင်ဘူးဟ.."
" မြန်မြန် လာ...မရပဲနေလိုက်မယ်.."
" လာနေပါတယ်..မင်းကိုကလောနေတာ.."
" မြန်မြန် မြန်မြန်... "
သူ့အရပ်မြင့်တယ်ဆိုတိုင်း တစ်လွှားလွှား လျှောက်သွားနေသူက သူဖတ်ချင်တဲ့ စာအုပ်မရလိုက်မှာ စိုးလို့တဲ့...
ခြောက်ေပနီးပါးအရပ်က သူတို့ကိုဆို မိုးနေတာ.သူငယ်ချင်းတွေထဲမှာ ဒီကောင် ရှောင်းကျန့် အရှည်ဆုံး...အရပ်ပြောပါတယ်.." ဒီနေ့ စာအုပ်မရရင် မင်းတို့ငါနဲ့တွေ့မယ်.."
" ဘာဆိုင်လို့လဲကွာ.."
" မင်းတို့ လမ်းလျှောက်တာစောင့်နေရလို့လေ.."
" မစောင့်နဲ့ပေါ့ကွာ..."
" ဒါဆို နေခဲ့.."
" ဟာ...ကျန့်ကျန့်..နေဦး.."
ပြောပြောဆိုဆို မစောင့်ပဲ ထွက်သွားပြန်တော့..လိုက်ရတာကသောကမျော..သူ့ခြေလှမ်း တစ်လှမ်း တစ်လှမ်း က သူတို့အရပ်လောက်ကိုရှိတာ...
ဘာစာအုပ်မို့ အသဲအသန် ဖတ်ချင်နေရတာလဲလို့ မမေးနဲ့..အကုန်လုံး ယဥ်ကျေးမှု့ နဲ့ဆိုင်တဲ့စာအုပ်တွေချည်း....စည်းကမ်းကြီးတဲ့ မိသားစုကဆင်းသက်လာသူမို့ အဆန်းတော့ မဟုတ်ဘူးပေါ့...စာကြည့်တိုက်ရှေ့ရောက်တော့ အပြင်ကပြန်လာပုံရတဲ့ စာကြည့်တိုက်မူးနဲ့ တွေ့ရသည်...
ကျန့်ကျန့်က ကျောင်းတော်ရဲ့King မို့ မသိတဲ့သူတော့ နည်းတယ်ပေါ့..

YOU ARE READING
ချစ်မိကြတဲ့အခါ
Ngẫu nhiênအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်