22

1.2K 91 12
                                    



Uni



" ဟင့်အင်း..မလုပ်နဲ့. မလုပ်ပါနဲ့.. သွား.."

" အသက်.."

" လူယုတ်မာ.. ထွက်သွား..သွား.."

" အသက်..သတိထားစမ်း.."

" ဟင့်အင်း..ဟင့်အင်း..သွား မလာနဲ့.."

" ရှောင်းကျန့် !! .."

" အင့်.."

" မောင်ပါ..မင်းယောကျ်ားပါ..သေချာကြည့်ပါဦး.."

" မောင်..အင့်..အီးဟီး. "

" အင်း..မောင်.."

အအေးဓာတ်ကို မခံနိုင်သူမို့ နည်းနည်းအေးတာနဲ့ ဖျားပါတယ်...လက်ခုံပေါ်မှ ဒဏ်ရာကအရှင်းမပျောက်သေးတော့ ဂရုစိုက်နေရတာ...အဖျားရှိန်ကြောင့်လား မသိပေမဲ့ အိပ်ပျော်သွားလေတိုင်း အိမ်မက်ဆိုးတွေနဲ့ လန့်ပြီးယောင်ပြန်တယ်...

အိမ်မက် မက်ပြီးယောင်အော်လိုက်လေတိုင်း.လူယုတ်မာ နဲ့ ထွက်သွားဆိုတာချည်း...မလုပ်ဖို့ပဲ တောင်းပန်နေတာတွေ ကြားရဖန်ထပ်လာတော့ leo ဒေါသတွေ ထပ်လာရတယ်...

ယုယကြင်နာပေးချင်ခဲ့တဲ့ အသဲအသက်လေးမို့ လေစိမ်းတိုးတာတောင်မခံနိုင်..အချိန်တိုင်းမျက်ရည်နဲ့ ဖြစ်လာတော့ ပိုဆိုးတာပေါ့..နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ ဘယ်လောက်ကြာပြီလဲ...

အိမ်မက်ဆိုးတွေနဲ့ တရေးနိုးလာတိုင်း leo အနှောင့်အယှက် ဖြစ်မှာစိုးလို့ ငြိမ်ကုပ်ပြီးနေတာ..သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ မသိတော့..

" မောင်ရှိတယ်.. မငိုရဘူး.."

" ကြောက်တယ်.. အင့်..ကြောက်တယ် မောင်..အဲဒီလူက ကြောက်စရာကြီး.. အင့် ဟင့်.."

" မောင့်ကို ပြောပြချင်လား.."

" မောင်က စိတ်ပျက်သွားပြီး စွန့်ပြစ်လိုက်ရင် ဘယ်လိုလုပ်မလဲ.. အသက်မှာ..အသက်မှာ မောင်ပဲရှိတာ.."

" မဟုတ်လိုက်တာ..မောင်က ဘာလို့စွန့်ပြစ်ရမှာလဲ..မောင့်မှာလဲ အသက်ပဲရှိတာလေ.."

" မပြောချင်သေးဘူး.."

" ဟုတ်ပြီ..မပြောချင်ရင် မပြောသေးနဲ့.. ပြောချင်လာရင်တော့ သေချာပေါက်ပြောပြပေါ့ ဟုတ်လား..ကျန်တာတွေ ကတော့မင်းစိတ်တိုင်းကျဖြစ်စေရမယ်.."

ချစ်မိကြတဲ့အခါWhere stories live. Discover now