25

747 73 4
                                    

Uni

ရောင်ပြန်နေသည့် နေရဲ့အလင်းက မနက်ခင်းမှာ ခပ်နွေးနွေး...တစ်တောက်တောက် ကျနေတဲ့ နှင်းစက်သံတွေပါ မနက်ခင်းရဲ့ အလှကို ပံ့ပိုးပေးနေသလို...အပြည့်အဝ ထွက်မလာသေးပေမဲ့ နေမင်းကြီးကတော့ လောကကြီးကို တာဝန်ကျေစွာ အလင်းပေးနေလေပြီ...

ဆောင်းရာသီ ပီသစွာ အေးစက်မှု့က ကျောရိုးထဲ စိမ့်ဝင်မတတ်...နှင်းမှုံဖြူဖြူတို့ကတော့ လေအသင့်မှာ ဟိုမှသည်မှ ဝဲလွင့်လို့နေကြသည်...

အာရုံလာတာနဲ့ ပွင့်လာတတ်တဲ့ မျက်လုံးကြောင့် leo တစ်ယောက် Auto နိုးနေပြီးသား...ရင်ခွင်က နွေးနွေးအိအိ အရာလေးကြောင့် ငုံ့ကြည့်မိတာနဲ့ နှုတ်ခမ်းထက်က အပြုံးတွေမှာ ရပ်တန့်မရတော့...

တိုင်းသိပြည်သိပိုင်ဆိုင်ထားတာတောင်မှ ခုလိုအသွေးအသားတွေထိ ပိုင်ဆိုင်ရတာလောက် မထူးကဲ...ညက သူ့ကောင်းမှု့နဲ့ တစ်စွန်းတစ်စပေါ်နေတဲ့ ပခုံးသားဝင်းဝင်းလေးမှာ အညိုရောင်သန်းနေပြီဖြစ်တဲ့ ကိုက်ရာအများအပြား...

နာကျင်ပေမဲ့ leo အတွက် အကောင်းဆုံးဧည့်ခံပေးမှု့ကြောင့် ထပ်ခါထပ်ခါ အလည်ကျူးမိသည်က အသဲအသက်လေးရဲ့ အထိမခံနိုင်တဲ့ ရပ်ဝန်းလေးဆီ...

နှစ်ကိုယ်တူချစ်မိကြပြီဆိုမှတော့ ဒီလိုအရာတွေ ကြုံလာရမည်မှာ အသေအချာ..အရှက်သည်းနေသူလေးကို ချော့တစ်ခါ မြူတစ်လှည့်နဲ့ ဘယ်နှစ်ကြိမ် မြောက်လို့ မြောက်မှန်းမသိ...

နှစ်ယောက်စလုံး အဝတ်မကပ်ခြင်းကို သတိထားမိတော့ ပြုံးမိပြန်သည်... သူလေးနိုးလာရင် ထပ်ပြီးရှက်နေတော့မှာပဲ...ယောကျ်ားချင်းတူတာတောင်မှ ကိုယ့်အတွက် အနှစ်နာခံသူကို leo တစ်စိမ့်စိမ့်ကြည့်ပြီး ချစ်လို့မဝ...

မနိုးလာခင် သန့်ရှင်းရေးလုပ်ထားပေးမှ မဟုတ်ရင် ရှက်တတ်လွန်းသူက မျက်နှာချင်းတောင် အဆိုင်ခံပါ့မလားပဲ...လက်မောင်းပေါ်က ခေါင်းလေးကို အသာချရန်ပြင်တော့ အင်း.အဲနဲ့ လုပ်လာသေးတာ...မျက်ခုံးတန်းလှလှလေးတွေပါ တွန့်ချိုးလို့..နာနေရှာတော့မှာပဲ...

" ကျွတ်စ်..ကျွတ်စ်..အိပ် အိပ်.."

ပုခုံးလေးကိုအသာ ပုတ်ပေးတော့ အင့်ခနဲ အသံပေးပြီး နှုတ်ခမ်းပါးလေးထော်နေအောင် ပြန်အိပ်ပါသည်..ဘယ်လောက်တောင် ပင်ပန်းသွားရှာမလဲ...

ချစ်မိကြတဲ့အခါWhere stories live. Discover now