Uni
ဆင်တူ Uniform တွေနဲ့ ခြေချင်းလိမ်နေတဲ့ ခြံကြီးက ဧရိယာများစွာကျယ်သည်...တစ်နှစ်တစ်ကြိမ် ကျင်းပတတ်တဲ့ ဆက်ခံသူသခင်လေးရဲ့ မွေးနေ့ပွဲကို နှစ်စဥ်ကျင်းပလာခဲ့တာ ယခုဆို ဆယ့်တစ်နှစ် ရှိပြီဖြစ်သည်...အစဥ်အဆက် မျိုးကြီးရိုးကြီးတွေမို့ တက်ရောက်ကြတဲ့ ဧည့်သည်တော်မှာလဲ အဆင့်အတန်း တစ်ခုတော့ ရှိကြပါသည်...
တစ်ဦးတည်းသောသားမို့ တစ်အိမ်လုံး ရဲ့အလိုလိုက်ခံ သခင်လေးရဲ့ ဘဝထဲကို တစ်ဆယ့်တစ်နှစ် ပြည့်သည့်နေ့မှာပဲ ငါးနှစ်အရွယ်ကလေးတစ်ယောက် ရောက်လာခဲ့တယ်...ပြည့်ပြည့် လုံးလုံးလေးနဲ့ ဒီကလေးငယ်ကို.. ညီအစ်ကိုလို ခံစားချက်တော့ အိမ်ကြီးရှင်သခင်လေးတစ်ယောက် ထားမပေးနိုင်ခဲ့တာကို ဘယ်သူမှ သိမည်မဟုတ်..
လူကြီးမိဘ တွေရဲ့အမြင်မှာတော့ ညိီအစ်ကိုအရင်းလို ချစ်ကြသူတွေအဖြစ်သာရှိခဲ့တာ...အိမ်ကြီးရှင်သခင်လေး အထက်တန်းအောင်တော့ ကောင်ငယ်လေးက အလယ်တန်းတက်နေဆဲ...ကျောင်းမတူတော့ပေမဲ့ ကြိုခြင်း ပို့ခြင်းကို အငြီးမငြူ လုပ်ပေးဆဲသာ..
အရွယ်လေးရှိလာတော့ လူငယ်ပီသစွာ ရည်းစားများချင်သည်...လူပျိုပေါက်အရွယ်တွေမို့ မျက်နှာနုစင်စင်က ချောမောခြင်းတွေ အပြည့်...ဝမ်ဟိုင်လို့ ခေါ်တဲ့ အငယ်ကောင်လေး ရည်းစားထားတာကို အိမ်ကြီးရှင်သခင်လေး ဝမ်လေ မနှစ်သက်ပါ...ထုပ်ပြောခြင်းမရှိသလို မကျေနပ်ကြောင်းကိုလဲထုပ် မပြ...
ဝမ်လေ့ ကိုဆိုရင် ချစ်ကြောက်ရိုသေဖြစ်နေတဲ့ ဝမ်ဟ်ိုင်က ရည်းစားကို ပေါ်တင်ထားတာတော့ မဟုတ်..မျက်ကွယ်ရာမှာ ထားခဲ့ခြင်းသာ...သိသာသိစေ မမြင်စေနဲ့ ဆိုတာမျိုး...
" ရည်းစားများတာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး ဝမ်ဟိုင်.."
" သိပါတယ် အစ်ကိုကြီး.."
" သိရင် လိမ်မာလေ..တစ်ယောက်ထားရင် ရပြီပေါ့..ခုဟာက တစ်နေ့သုံးယောက်လောက်ကို တွဲနေတာ မင်း.."
" အဲဒီလောက်ကြီးလဲ မဟုတ်ပါဘူး.. အစ်ကိုကြီးရာ..အမှု့ကြီးအောင်.."

YOU ARE READING
ချစ်မိကြတဲ့အခါ
Разноеအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်