8

1.2K 90 5
                                    


Uni


  " တောက်စ်.. !!! "

  " တော်ပါတော့.. ပြီးသွားပြီလေ ဘာလုပ်လို့ရတော့မှာလဲ.."

  " ငါမပြီးနိုင်ဘူး...သူ့လုပ်ရပ်က ဟုတ်လို့လား..ငါ့ကို မျက်လုံးထဲကိုထည့်မထားတာ.."

  " ဘယ်တုန်းက ထည့်ခဲ့လို့လဲ..ခုမှပြောနေသေးတယ်.."

  " မင်း ဘာသိလို့လဲ.. အဲဒီသတင်းက ခု တစ်နိုင်ငံလုံး ပြန့်နေပြီ..ရှက်ဖို့ကောင်းလိုက်တာကွာ.."

  " ရှက်ဖို့ကောင်းတာလား...ရှင် အဲဒီလိုရှက်တတ်လို့ အချစ်ဦးနဲ့ဝေးတာဖြစ်မယ်.."

  " မင်း ဘာကို ဆိုလိုတာလဲ "

  " မသိတော့ဘူးလား... ကျွန်မကတော့ သိတယ်...အိမ်တော်အတွက်အကြောင်းပြပြီး လူနှစ်ယောက်ကို သေကွဲ ကွဲအောင်လုပ်ခဲ့တာလေ.."

  " မင်း...! "

  " ကျွန်မကို ကာဗာယူပြီး..ပုန်းနေတဲ့ရှင်က ဘာလဲဆိုတာ မသိရအောင် မတုံးဘူး.."

  " ...... "

  " ဝမ်အိမ်နဲ့ ဘာသွေးမှမတော်တဲ့ ဝမ်ဟိုင့်ကို ရှင် အရိပ်လိုကြည့်နေခဲ့တာ မသိဘူးထင်နေလား...ဝမ်ဟိုင့်အနားက လူတွေအကုန် ရှင့်လက်နဲ့သေခဲ့ကြရတာလည်း ကျွန်မသိတယ်..."

  " မင်း တော်တော့...ထပ်မပြောနဲ့တော့.. "

  " တော်မှာပါ... ရှင်ကသာ ဝမ်ကျယ့်ကို ထိဖို့မကြိုးစားလာနဲ့...မဟုတ်ရင် ဘယ်လိုတုန့်ပြန်မိမယ်မသိဘူး.."

အခန်းထဲကထွက်သွားတဲ့ ဇနီးဖြစ်သူရဲ့ကျောပြင်က မြင်ခဲ့သမျှအကြိမ်အရေအတွက်ကိုကြည့်ရင် ဒီတစ်ခါတော့ ကြောက်စရာအကောင်းဆုံးဖြစ်မည်...ဝမ်လေ ဝန်ခံချင်ပါသည်..သူ့ရှေ့မှာ အရွယ်ရောက်လာတဲ့ ဝမ်ဟိုင်က ဝမ်အိမ်တော်နဲ့ ဘာမှကို တော်စပ်ခြင်းမရှိ..

ကလေးဘဝက ညီအစ်ကိုတွေ လိုနေခဲ့ရပေမဲ့ အရွယ်ရောက်လာတာနဲ့အမျှ အရောင်ပြောင်းလာတဲ့ ခံစားချက်တွေကို ပါးနပ်လွန်းတဲ့ ဝမ်သခင်ကြီးတစ်ယောက် ရိပ်မိသွားခဲ့လေရဲ့...ထိုစဥ်က သူ အထက်တန်း အောင်ခါစ..ဝမ်ဟိုင့်ကို အဝေးပို့ရမလား လက်ထပ်မလားလို့မေးလာတော့ ဝေးပြီးမနေနိုင်တဲ့ သူကပဲ လက်ထပ်ရန် ဖြစ်လာခဲ့သည်..

ချစ်မိကြတဲ့အခါWhere stories live. Discover now