Uni
အနက်ရောင်မွေ့ယာ ထက်ကဖြူလွလွ ပုံရိပ်လေးကိုကြည့်ရင်း သက်ပြင်းချမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့ဘူး..သူငယ်ချင်းလိုတစ်မျိုး ညီငယ်လေးလိုတစ်ဖုံ တွယ်တာရသူမို့ ပူပင်ရတာ မုန့်ယောင်ရဲ့အလုပ်တစ်ခုလိုတောင် ဖြစ်နေပြီ...
ဆေးကြောက်တဲ့ ကောင်ငယ်လေးက ဆေးတွေနဲ့အသားကျနေခဲ့တာ ဘယ်လောက်ကြာပြီလဲတောင် မမှတ်မိတော့..ချစ်သူလက်ကိုဆွဲလို့ ကမ်ဘာအနှံ့ခရီး ဆန့်ချင်ခဲ့သူက ခုတော့အိပ်ယာထက်မှာ ငြိမ်ငြိမ်သက်သက်ကလေး...
Camera တစ်လုံးကိုကိုင်ပြီး ရှုခင်းတွေကိုမှတ်တမ်းတင်ရတာကို သဘောကျသူက ဘေးလူရဲ့အကူညီမှမပါရင် ထိုင်လို့ ထလိအြဆင်မပြေတော့သည်အထိ...
ချစ်ရသူဆီက အမုန်းတွေကိုခံယူလို့ ရှောင်းပုန်းရန်အတွက် ရွေးချယ်ရာက မြို့ပြင်မှ leoအပိုင် အနက်ရောင်တိုက်သာ ဖြစ်ခဲ့ရသည်..မတွေ့စေချင်ရင် အဝေးပြေးတာထက် မျက်စိရှေ့မှာ ပုန်းတာက ပိုလှုံခြုံသည်လေ...
" နိုးပြီလား.."
" အင်း.."
" မျက်နှာသစ်ဖို့ လုပ်ပေးထားတယ်..ဖြည်းဖြည်းထ..မနက္စာ ဘာစားချင်လဲ.."
" .... "
" ခေါင်းမရမ်းနဲ့.. မစားလို့မရဘူးဆိုတာ သိရဲ့နဲ့.. "
" မဆာသေးလို့ပါ.."
" အင်း..ဆာရင်ပြော.အားနာလို့ဆိုပြီး အောင့်မနေနဲ့..leo ဒီရက်ထဲမလာဖြစ်လောက်ဘူး.သခင်လေးရှောင်း ကျမ်းမာရေးမကောင်းဘူးပြောတယ်.."
" အင်းပါ..ငါအဆင်ပြေပါတယ်.. "
" အစ်ကိုကျိရန် လာလိမ့်မယ်ထင်တယ်..သူက မလာတာကြာပြီမလား..အခြေနေလာကြည့်လိမ့်မယ်လို့ ထင်တယ်.."
" ဘာထူးမွာလဲ.."
" ထူးမထူးတာက ဆရာဝန်ကိစ္စ..ဆေးသောက်ရမှာက မင်းကိစ္စ.. ပြန်အိပ်မလို့လား.."
" အင်း.အိပ်ချင်တယ်.. "
" ခုမွ ထတာကို.."
" ဟင့်အင်း..အိပ်ချင်တယ်.. "
" အင်း..အိပ် ပြီးရင် မနက်စာစားဖို့ လာနိုးမယ်.."
" အင်း.."
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်