28

807 82 9
                                    


Uni




နေမဝင်သေးပေမဲ့ မဲမှောင်လာတဲ့တောင်တက်လမ်းက ခြောက်ခြားဖွယ်ကောင်းသည်...လျှပ်စီးတစ်လက်လက်ရဲ့ အကူအညီနဲ့ ခပ်ဝါးဝါးမြင်နေရတဲ့ လမ်းကျဥ်းလေးမှာ တောင်တက်လမ်း ပီသစွာ အဖုအထစ်ပေါင်းစုံနဲ့...

ပုံမှန်ဆိုရင် ဒီလမ်းကိုတစ်ယောက်ထဲ ဘယ်တုန်းကမှ မတက်ခဲ့..ပြီးတော့ ဒီလို မိုးရွာရန် စိုင်းပြင်းနေတဲ့အချိန်ကြီး...ပြိုကျရန် အသင့်ဖြစ်နေတဲ့ ကောင်းကင်မဲမဲကြီးအောက်မှာ ဟိုဒီယိမ်းနွဲ့နေတဲ့ သစ်ပင်စိမ်းစိမ်းတို့က လေသံပြင်းပြင်းအောက်မှာ ကခုန်မြူးထူးလို့...

အငယ်အနှောင်းတွေနဲ့ ရှုပ်ပွေတတ်လွန်းတဲ့ ဖခင်ကို ဒီလိုအချိန်ကြီး ထွက်ရှာရတာ အဆင်ပြေနေတာတော့မဟုတ်ပါ..မား နေမကောင်းတာနဲ့ ပါးကို ရှာရတာက တစ်လုပ်...သိတ်ချစ်တတ်တဲ့မားက ပါး ဘာလုပ်,လုပ် ခွင့်ပြုပေးခဲ့ပြီးသား..

ဒါကိုတောင် လောဘတွေ အတောမသတ်နိုင်သူက ပါး..ငယ်ငယ်ရွယ်နုနယ်သူလေးတွေကိုမှ သဘောကျတတ်သူက စိုက်ကြိုက်စျေးပေးလို့ ပျော်ပါးတတ််တာ အရင်ကတည်းက..သိသာသိစေ မမြင်စေနဲ့ ဆိုတာမျိုး...

တစ်စထက်တစ်စ မှောင်မိုက်လာတဲ့ကောင်းကင်ကြီးကို မမြင်ဟန်ပြုရင်း လမ်းလျှေက်နေတာကိုလဲ မရပ်ရဲ..ပါးကို ​တွေ့မှဖြစ်မည်..မားနေမကောင်းဘူးလေ..ဖုန်းဆက်တော့လဲ ပိတ်ထားသည်တဲ့လေ...

အိမ်ရှိလူ အကုန်အရှာလွတ်လိုက်တော့ ရလာတဲ့သတင်းက စိုက်ပျိုးရေးခြံထဲမှာတဲ့...လူလွတ် ခေါ်ခိုင်းရအောင်လဲ ဘယ်သူမှ ရဲမှာမဟုတ်..နောက်ဆုံးတော့ ကိုယ်တိုင်ပဲ ထွက်လာခဲ့ရတာ...

လင်မိသားစုပိုင်တဲ့ စိုက်ပျိုးရေးခြံရှေ့ရောက်တာနဲ့ တဲရှိရာကမီးရောင် မီးရောင်မှိန်မှိန်ကို မြင်ရသည်..ဘယ်ကောင်မလေးကိုခေါ်ပြီးရောက်နေပြန်ပြီမသိ...တဲရှေ့ရောက်အောင်လျှောက်ခဲ့လိုက်တော့ အစောင့်နှစ်ယောက်ကိုပါတွေ့ရသည်...

" သခင်လေး.."

" အင်း..ပါး ရော.."

" ဟို.."

" ပါးကိုမေးနေတာ ဘာကို ဟိုလဲ.."

" သခင်ကြီးက.."

ချစ်မိကြတဲ့အခါWhere stories live. Discover now