Uni
စိမ်းနုရောင်ချယ်ထားတဲ့ အခန်းရဲ့အသွင်က သစ်တောစိမ်းငယ်လေးနဲ့တူသည်...ကျန့်ကျန့်သဘောကျပြင်ဆင်ခွင့်ပေးထားတာမို့ စိတ်ကြိုက်ဆိုပြီးပြင်လိုက်မိတာက စိမ်းနုရောင်လေး...မောင်က အစိမ်းရောင် ကြိုက်တယ်လို့ ပြောကတည်းက ပြင်ဆင်ချင်ခဲ့တာ ဖြစ်သည်...
ဆန်းပြားတာ ဘာမှမပါပဲ ရိုးရိုးရှင်းရှင်းမို့ ရင်မှာအေးချမ်းရသည်...စကားအများကြီး ပြောရတာမကြိုက်တဲ့မောင်က ကျေးဇူးတင်စကား ပြောလိုက်တာများ တစ်ဖွဖွ...အနက်ရောင် ကိုသာအမြဲတစ်စေ သုံးခဲ့သူမို့ အရောင်ဆန်းတွေနဲ့အဆင်မပြေဘူးထင်ခဲ့တာ...သဘောကျတယ်ပြောတော့ ပြင်ဆင်ရကျိုးနပ်ပါသည်...
ဒီနေ့တော့ လိုအပ်တာလေးတွေ ဝယ်ချင်တာမို့ အန်တီ့ကိုပါခေါ်ပြီး Shopping mall တစ်ခုထဲဝင်ခဲ့လိုက်သည်...မောင်နဲ့ လက်ထပ်ပြီးနောက်ပိုင်း နေထိုင်ရတာ အရင်ကနဲ့ မတူတော့တာခံစားမိသည်...ဘယ်ပဲ သွားသွား စိတ်ကအလိုလို လှုံခြုံနေတာမျိုး...
" ဘာတွေ ဝယ်မလို့လဲ ရှောင်ထုရဲ့.. "
" သူ့အတွက် အဝတ်စားတွေလေ..သူ့ဆီမှာက စျေးသာကြီးတာ အနက်ရောင်တွေပဲရှိတယ်.."
" ဟုတ်လား.. ရှောင်ထုက အရောင်ပြောင်းပေးမယ်ပေါ့.."
" ဟုတ် ကြီးကြီး.. သူက တစ်ခြားအရောင်လေးတွေနဲ့ဆို တကယ်ကြည့်ကောင်းမှာ.."
" ဟုတ်လား..အရင်ကတည်းက ကြည့်ကောင်းတယ်မဟုတ်ဘူးလား.."
" အရင်က ကြည့်ကောင်းပေမဲ့ နောက်ဆို ပိုပြီးကြည့်ကောင်းတော့မှာ.."
" ဟုတ်ပါပြီ... ပြီးတော့မှ လူတွေငေးလို့ဆိုပြီး လိုက်အူတိုမနေနဲ့နော်.."
" မတိုပါဘူး...သူက သားကိုပဲ ချစ်တာ.."
" ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. "
ဘယ်လိုယုံကြည်ချက်နဲ့ ပြောလိုက်မိမှန်းမသိပေမဲ့ ချစ်တယ်ဆိုတာကိုတော့ မောင်က ဖွင့်ပြောဖူးတာမဟုတ်...ဖွင့်မပြောလဲ ဂရုစိုက်ပေးနေတာကို ကြည့်ရုံနဲ့တင် လုံလောက်နေပြီမလား...အတွေးတွေနဲ့ ရွေးနေမိတာ တစ်ထည်ပြီးတစ်ထည်...အရောင် နုနုလေးတွေသာရွေးယူမိသည်...မောင်ဝတ်လိုက်ရင် ဘယ်လောက်တောင် နုပျိုနေလိမ့်မလဲ...

YOU ARE READING
ချစ်မိကြတဲ့အခါ
De Todoအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်