Uni
" ကိုယ့်ကိုမှတ်မိရဲ့လား ဖန်ရှင်း.."
" ဟုတ်ကဲ့.. "
" အင်း..ဆေးသောက်ရမှာ ပျင်းလို့တော့မဖြစ်ဘူးနော်..ခုသောက်ထားရင် ခွဲစိတ်တဲ့အခါ အထောက်အကူဖြစ်တယ်.."
" ဟုတ်.."
" ခေါင်းကိုက်တာမျိုးရော ရှိလား.."
" နည်းနည်းတော့ ကိုက်တယ်.. "
" အင်း ဟုတ်ပြီ..အခြေအနေက တိုးတက်လာတယ်လို့တောင်ပြောလို့ရတယ်. မုန့်ယောင်လဲ ဂရုစိုက်ပေးနေတာဆိုတော့ အဆင်ပြေသွားမှာပါ.."
" ဟုတ်.."
" လက်မလျှော့ဘူးမို့လား.."
" .... "
" မင်း ပြန်လာမှာကိုစောင့်နေတဲ့သူရှိတယ်လေ.လက်လျှော့လိုက်လို့ မဖြစ်ဘူး.."
" ကျွန်တော့်ကို မုန်းနေမှာ.."
" မမုန်းပါဘူး.. သူက မင်းကို ချစ်ပါတယ်.. "
" ... "
" နားလိုက်ဦး..မကြာခဏ လာကြည့်မှာမို့ စိတ်မပူနဲ့.. "
" ဟုတ်.."
ဖြူဖြူဖျော့ဖျော့ကောင်လေးကို အနားယူစေရန် အပြင်ထွက်လာတော့ မုန့်ယောင်ပါ ကပ်ပါလာသည်..အခြေအနေကို မေးရမည်မလား..
" ဟင်..."
ဧည့်ခန်းထဲခြေချမိလိုက်တာနဲ့ ကျိရန်ခေါင်းထဲဒီန်းခနဲ မည်သွားသလိုထင်ရသည်... ဟောက်ရွှမ်းနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတာ ယွီပင်း..ဘယ်လိုလုပ်ပြီး...
" ယွီပင်း.."
" မင်းတို့ ငါ့ကိုပြောစရာမရှိဘူးလား.."
" ဒါက.."
" ငါ ကိုယ်တိုင် ဝင်မေးရမှာလား.."
" တစ်ဇွတ်ထိုး မလုပ်လို့ရမလား ယွီပင်း.."
" ဟောက်ရွှမ်း.."
" မင်းစိတ်ကို ငါ သိတယ် ..ခုနေသွားမေးလို့ ရလာတဲ့အဖြေက မင်းလိုချင်တဲ့ အဖြေ ဟုတ်ချင်မှဟုတ်မယ်..သူအဆင်ပြေဖို့ အချိန်လိုတယ်.."
" ကျမ်းမာရေး က.."
" ဒါကိုတော့ ကျိရန်ကို မေးကြည့်..အမြစ်ပြတ်မဟုတ်ရင်တောင်မှ တစ်နှစ် တန်သည် နှစ်.နှစ်တန်သည် ထပ်နေနိုင်ဖို့ပဲ..ငါတို့လဲ ကုထုံးရှာနေရတာ..."
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်