Uni
နေလုံးကြီးက မဝင်သေးပေမဲ့ ခပ်အုံ့အုံ့ ရာသီကြောင့် အေးစိမ့်စိမ့်...မိုးတွေမှိုင်းညို့လာတိုင်း ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတဲ့စိတ်က ပိုသည်...တောင်ပေါ်က ပြန်ရောက်လာတာ ညနေ လေးနာရီထဲက ဆိုပေမဲ့.. အဆောင်တွင်းကို မဝင်ဖြစ်သေး..မိုးရိပ်ညိုညို ကိုသာငေးမိသည်...
အဆောင်ရှေ့က Leo ရပ်နေကျအရိပ်ရ သစ်ပင်အောက်မှာ ထိုင်နေမိတာ ကြာပြီ..နာရီကိုပြန်ငုံ့ကြည့်မိတော့ ခြောက်နာရီကျော်ပြီ...အဆောင်နေကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာနေကြပေမဲ့ ဂရုမထားမိ...
မိုးရိပ်ကြောင့် ပိုပြီးမှောင်မဲလာတဲ့ ပတ်ဝန်းကျင်က.. အအေးဓာတ်ပိုလာပြီ..ခြေဖျားတွေ ထုံကျင်လာပေမဲ့ နေရာက မရွေ့မိသေး...အရင်ရက်တွေကဆို ရှစ်နာထိုးတာနဲ့ Leo ရောက်လာနေကျ..ဒီနေ့ညရော ရောက်လာပါ့မလား..ကျန့်ကျန့်ပြန်ရောက်နေတာကိုရော သူသိပါ့မလား...
အတွေးတို့က တောင်ရောက်မြောက်ရောက်ဖြစ်နေစဥ် တစ်ပေါက်ချင်းကျလာတဲ့မိုးစက်က ကမ္ဘာမြေဆီသို့ အလည်လာချေပြီ..ခန္ဓာကိုယ် ပေါ်ကို ကျလာပေမဲ့ ဒီအတိုင်း သာဆက်ရပ်နေမိသည်..အချိန်အားဖြင့် ခုနှစ်နာရီ...
ဒီအတိုင်း ရပ်နေမိတာ ဘယ်လောက်ကြာသည်မသိ..ရှေ့ကို ထိုးရပ်လာတဲ့ ဆိုင်ကယ် မီးရောင်မြင်မှ သတိဝင်လာရသည်..ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆိုင်ကယ်မီးရောင်မှလွဲရင် အားလုံးအမှောင်အတိ..
ဆိုင်ကယ်ပေါ်က ဆင်းကာ ကိုယ်ပေါ်က ဂျာကင်ကိုချွတ်လို့ ခေါင်းပေါ်လွားပေးလာသူက ထုံးစံအတိုင်း Halmet ကိုအဆောင်းလိုက်..." Leo.."
" ကျစ်..!..အေးစက်နေတာပဲ.. "
" ကျွန်တော် အဆင်ပြေပါတယ်... "
" သူငယ်ချင်းတွေရော.."
" မသိဘူး...ညနေကမှ ပြန်ရောက်တာ.."
" ဖျားတော့မှာပဲကွာ.."
" ရပါတယ်.. ကျွန်တော်.. "
" မင်းရလည်း ငါမရဘူး..တက် ဆိုင်ကယ်ပေါ်.."
အောက်မေးရိုက်နေတာတောင်မှ အဆင်ပြေတယ်ပြောနေတဲ့ ကောင်လေးကို ကိုင်ဆောင့်ပြစ်ချင်လာသည်...
ဘယ်အချိန်ကတည်းက ရပ်နေမှန်းမသိ...မျက်ခမ်းစပ်လေးတွေပါ နီရဲလို ငိုချင်တာကိုအတင်းအောင့်ထားရသည့်ပုံပေါ်သည်...

YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်