12

1.3K 102 5
                                    


Uni



" ကလေး..."

" ဟင်..."

" ဘာလဲကွာ.. ကိုယ့်ကိုမြင်တာနဲ့ သရဲမြင်သလိုပဲ..ကိုယ်က ရုပ်ဆိုးလို့လား.."

" မဟုတ် ..မဟုတ်ပါဘူး..ကျန့်ကျန့် အိမ်အမြန်ပြန်ရမှာမို့ပါ.."

" ဘာလို့ အမြန်ပြန်ရမှာလဲ.."

" နောက်ကျရင် သခင်ကြီး ဆူပါလိမ့်မယ် ကျန့်ကျန့်ပြန်ပါရစေ.."

" ဘယ်လို.. ရှောင်းသခင်ကြီး ကလား..နောက်မှ မဆူဖို့ပြောရဦးမယ်..."

" သခင်ကြီးက ကျန့်ကျန့်ကျေးဇူးရှင်ပါ.. ဆူတာက ဖြစ်သင့်ပါတယ်..မပြောပါနဲ့.. "

" မပြောစေချင်ရင်.. ကိုယ်နဲ့ ညစာလိုက်စားပေးလေ..လိုက်မယ်မလား.."

" ဟို ကျန့်ကျန့်.. "

" လိုက်ခဲ့ကွာ...ခဏပဲ.. ပြန်ပို့ပေးမယ်. "

" ဟုတ် ခဏပဲနော် "

" အင်း ခဏပဲ "

အဖေအရွယ် လူကြီးတစ်ယောက်ကို မြူဆွယ်တာ.. အရှက်မရှိတဲ့ သူ..သူ့အမေလိုပဲ ဆိုတဲ့ ဝေဖန်သံတွေက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံကြားနေရပေမဲ့ ကျန့်ကျန့် လျစ်လျူရှု့နေရတယ်...နဂို ရှိတဲ့ရှက်စိတ် နှစ်ဆတိုးလာပေမဲ့ ရွေးချယ်စရာ မှမရှိခဲ့ပဲ...ထိုလူခေါ်ရာ ပါခဲ့ရပြန်တယ်...

ညစာစားပြီး ပြန်တော့ လိုက်ပို့ပေးပါတယ်..အချိန်ကတော့ ညရှစ်နာရီရှိပြီ...ကျောင်းသားလေး တစ်ယောက်အတွက် အိမ်ပြန်ချိန်က သိပ်ကိုနောက်ကျလွန်းနေတယ်လေ...ရှောင်းသခင်ကြီး က သိနေတော့ ဘာမှမပြောပေမဲ့ သခင်မကြီးနဲ့ သခင်မလေးတို့က စွပ်စွဲပြောဆိုပြီး နှိမ်ကြတော့တာပဲ...

" ရှောင်ထု.."

" ဗျာ..."

" သူက သားကို ဘယ်ခေါ်သွားတာလဲ.."

" စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ..ကြီးကြီး.."

" သူ သားကို ဘာလုပ်သေးလဲ.."

" ဘာမှတော့ မလုပ်ပါဘူး..ဒါပေမယ့်.. "

" ဘာဖြစ်လို့လဲ.. သား."

" သူ စကားပြောတာ မကြိုက်ဘူး.."

" ဟင်..ဘယ်လိုပြောလို့လဲ.."

ချစ်မိကြတဲ့အခါWhere stories live. Discover now