24

867 65 5
                                    



Uni



" ကျုပ်ကိုခေါ်တာ ပြောစရာရှိလို့လား "

" တောင်းပန်ချင်တာပါ.."

" ကျုပ် အချိန်သိပ်မရဘူး.."

" တောင်းပန်ပါတယ် leo..ဦးငယ် တောင်းပန်ပါတယ်... ဘယ်နေရာက စပြီးမှားခဲ့မှန်းမသိပေမဲ့.. ဒီအခြေနေတွေ အထိရောက်စေခဲ့မိလို့ တောင်းပန်ပါတယ်.. "

" ဒီကိစ္စကို တောင်းပန်ချင်တာဆိုရင် မလိုဘူး..ခင်ဗျား မမှားသလို အပါးလဲ မမှားပါဘူး.."

" ဒီမိသားစုထဲကို ရောက်မလာခဲ့သင့်တာပါ..ဒါပေမယ့် ထပ်ပြီးတောင်းပန်ပါရစေ.."

" တစ်ခုလောက် ပြန်မေးလို့ရမလား.."

" မေးပါ.. "

" အပါးလိုစိတ်မျိုး အပါးအပေါ် ထားခဲ့ဖူးသလား.."

" .... "

" အပါး ချစ်သလိုရော ချစ်ခဲ့သလား.."

" တောင်းပန်ပါတယ်.. "

" မေးတာပဲ ဖြေပါ.. "

" အားနာမိပါတယ်..ချစ်ခဲ့မိလို့..ရှောင်လွဲဖို့ကြိုးစားရင်းကနေ အပြစ်တွေ အထပ်,ထပ်ကျူးလွန်ခဲ့မိတယ်.."

" မမကြီးကိုရော ဘာလို့.."

" မတော်တဆပါ..မရည်ရွယ်ပါဘူး.. တကယ်ကြီး မရည်ရွယ်ခဲ့ပါဘူး.."

" ဘာလို့ ထွက်သွားခဲ့တာလဲ.."

" သူ့စကားကို မလွန်ဆန်နိုင်ဘူး..အရင်ကတည်းက သူ့စကား သူ့အမိန့်က ငါ့အပေါ် လွမ်းမိုးထားနိုင်တယ်လေ..ခုချိန်ထိပါပဲ.."

" အဟက်...မမကြီးဆီကို သွားတောင်းပန်သင့်တယ်.. ပြီးတော့ အမားကိုရောပဲ..အမားကိုလဲ တောင်းပန်သင့်တာ.."

" တောင်းပန်ပါ့မယ်.. သေချာပေါက် တောင်းပန်ပါ့မယ်. "

" ခု ဘာဆက်လုပ်မှာလဲ..နှစ်ယောက်သား လက်တွဲဖို့တွေးနေတာတော့ မဟုတ်ဘူးမလား.."

" leo! "

" မေးခွန်းကို နားမလည်လို့လား..ပြန်မေးရမှာလား.."

" မယူပါဘူး... မယူဘူး.."

" ကောင်းပြီလေ..သတိတော့ တည်ပါစေ..ဦးငယ်က သူ့များတွေထက် ကျုပ်အကြောင်းကို ပိုသိတဲ့သူပဲ."

ချစ်မိကြတဲ့အခါWhere stories live. Discover now