Uni
" မမကြီးက ဘာလို့ငိုနေတာလဲ ဦးငယ်.."
" ကလေးက ကလေးလိုနေ Leo..အပါး စိတ်မဆိုးချင်ဘူး.."
" အစ်ကိုကြီး ကလေးက ဘာသိမှာလဲ.."
" မင်းလဲ မပြောနဲ့ ဝမ်ဟိုင် နှစ်ရက်အတွင်း Canada သွားဖို့ပြင်တော့.."
" အစ်ကိုကြီး.. ! "
" ငါ နှစ်ခါမပြောဘူး ဝမ်ဟိုင်..Leo အခန်းပြန်တော့.."
" ဟုတ်.."
မျက်နှာလေးကို ငယ်ချကာထွက်သွားတဲ့ တူဖြစ်သူကြောင့် ဝမ်ဟိုင့်ရင်ထဲမကောင်းနိုင်...ထိုမိန်းကလေးကို Leo ဘယ်လောက်ထိခင်တွယ်တယ်ဆိုတာ အိမ်တော်တစ်ခုလုံး မသိသူမရှိ...ဘာမှမသိသလိုမေးနေပေမဲ့ မကောင်းတာတစ်ခုခုကို ခံစားမိလောက်မဲ့အရွယ်ပေမို့ ဝမ်ဟိုင်မလုံမလဲဖြစ်ရသည်...
လက်ထပ်ဖို့အတွက် ပြည့်စုံတဲ့မိန်းကလေးပေမဲ့ မျိုးရိုးနိမ့်ကျတယ်ဆိုတာက ကန့်ကွက်ဖို့အကြောင်းပြချက်တစ်ခုကိုဖြစ်လို့...မိကောင်းဖခင်သားသမီး မို့ ဝမ်ဟိုင် တာဝန်ယူချင်သည်...ယောကျ်ားတစ်ယောက် ပီသချင်သည်...သို့သော် အိမ်ကြီးသခင် အစ်ကို့ရဲ့စကားကို ဝမ်ဟိုင်မလွန်ဆန်နိုင်ပါ...
" သူ့ကို ကျွန်တော် လက်ထပ်ဖို့အထိတွေးထားတာ.."
" မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဝမ်ဟိုင်...အိမ်တော်ရဲ့သွေးသားက သာမန်မိန်းကလေးကို လက်ထပ်လို့ အကျိုးမရှိဘူး.. "
" ဘာဖြစ်သွားနိုင်လို့လဲ..ဆင်းရဲတာက အပြစ်လား.."
" ဆင်းရဲတာက အပြစ်မဟုတ်ပေမဲ့ သူ့မိဘမျိုးရိုးက သာမန်ဖြစ်နေတယ်ကွ.."
" သာမန်လဲ လူပါပဲ အစ်ကိုကြီးရာ.."
" ငါ ပြောတာနားမထောင်ရင် အိမ်တော်မိသားစု စာရင်းက မင်းကိုထုပ်ရလိမ့်မယ် ဝမ်ဟိုင်.."
" လက်တွေလွန်ကုန်ပြီ ဗျ.."
" ငါ ရှင်းပေးနိုင်တာမို့ မင်းသာ ထွက်သွား "
" ကျွန်တော်က ဘာကောင်ဖြစ်သွားပြီလဲ..ပြောကြည့်ပါဦး..အစ်ကို့ကြီးရဲ့ညီ ကျွန်တော်က ဘာဖြစ်သွားပြီလဲ...သူများ သမီးပျိုကို ဖျက်စီးပြီး တာဝန်မယူပဲ ထွက်ပြေးတော့ ကျွန်တော်က ဘာကောင်ဖြစ်သွားပြီလဲ...အိမ်တော်ရဲ့ သွေးသားဖြစ်ပြီး တာဝန်မဲ့တဲ့သူက ဘာဖြစ်သွားပြီလဲ.."
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်