Uni
...မင်း ပြန်လာဦးမှာလား...
...မသိသေးဘူး ဘာလို့လဲ...
...ဘာမှ မဟုတ်ပါဘူး..အဆင်ပြေရင် ရှောင်းအိမ်နဲ့ လင်အုပ်စု ဆက်ဆံရေးသိချင်နေလို့...
...ငါသိသလောက်ကတော့ ဘာမှမထူးခြားပါဘူး..အဆက်အသွယ် မရှိတာတော့ မဟုတ်ဘူး ထင်တယ်...
...အင်း..ဂရုစိုက်ဦး...
...ကြက်သီးထအောင် မပြောစမ်းနဲ့..အရင်လိုပဲ ဆက်ဆံစမ်းပါ...
...မင်းက မကြာခင် သနားစရာသတ္တဝါလေး ဖြစ်လာတော့မှာမို့ နှစ်သိမ့်ရအောင် ကြိုပြီးလေ့ကျင့်နေတာပါ...
...နမိတ်မရှိလိုက်တာ..ဒါပဲ အလုပ်ရှိသေးတယ်...
...အင်း...
ဖုန်းကျသွားတာနဲ့ အေးစက်စပြုနေတဲ့ ကော်ဖီခွက်ကို ပြန်ကိုင်မိသည်...မိုးနှောင်းကတော့ တာဝန်ကျေစွာကောင်းနေကြဆဲ...ခါးသက်သက် ကော်ဖီကို အရသာခံရင်း leo စကားတွေကို ပြန်တွေးမိသည်..သနားစရာ သတ္တဝါ တဲ့လား...
မဖြစ်နိုင်လိုက်တာ ဆိုပြီးဘယ်လိုတွေးတွေး မုလုံကိုပြန်မြင်မိတာနဲ့ လိပ်ပြာမသန့်ခြင်းတွေက ရင်မှာ အလုံးအရင်းနဲ့နေရာယူသည်...သဘောကျတယ် ဆိုတာကိုတော့ သိပေမဲ့ ချစ်တာကို ဝမ်ချောင် မသိ...leo ပြောသလို သူ မုလုံကိုချစ်နေသည်လား...
ဒီလိုတွေးမိတိုင်း ထိပ်ခနဲ ဖြစ်သွားတတ်တာက အကျင့်လိုတောင်ဖြစ်နေပြီ...မဟုတ်ဘူးလို့ ခေါင်းခါငြင်းလိုက်ချင်ပေမဲ့ မလုပ်နိုင်ပြန်...လင်မုလုံ မုန်းသွားခဲ့ရင်ရော လို့တွေးစရာရှိပေမဲ့ ဂရုစိုက်စရာ လိုလို့လား...သူတို့တွေ့ဆုံခြင်းကတောင် လိုအပ်လို့ဖန်တီးယူခဲ့တာပဲ...
ဝမ်ချောင် ဘာကိုမှ ဂရုမစိုက်ချင်တော့...leo အကူအညီတောင်းကတည်းက ငြင်းရင်ရပေမဲ့ ခပ်လှလှ အမျိုးသားတဦး ရဲ့ပုံလေးတစ်ပုံကြောင့် လက်ခံခဲ့မိတာ သတိရပြန်တော့.. အဟားးး..ဝမ်ချောင် မင်းငကြောင်ပဲ...ဒီအလုပ်ကို လက်ခံလိုက်တာ လုပ်ငန်းစုတစ်ခုကြောက့်မဟုတ်ဘူးဆိုတာကတော့ သေချာနေတာပဲ...
ဒါဆို ဘာလို့လဲ... ဘာကိုလိုချင်ခဲ့တာလဲ..ဘာအတွက်လဲ... ကြောင်တာတောင်ရိုးရိုးတန်းတန်း မကြောင်ဘူး...ဆုပ်လဲစူး စားလဲရူး ဖြစ်အောင်ကို ကြောင်တာ...
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်