Uni
မှောင်ရိပ်တစ်ချို့သန်းလာပေမဲ့ ကြည်စင်နေတဲ့ကောင်းကင်က အေးချမ်းသည်.. ဆောင်းရာသီဝင်လာပြီမို့ ထင်၏...တောင်စောင်းတစ်လျှောက် လင်းနေသည့်ရောင်စုံမီးအလှက ချုံချင့်မြို့နဲ့ ပနံသင့်သည်...
တောင်ပေါ်မြို့ပီသစွာ ကားသံစက်သံတွေသိပ်မကြားရ..အဆင်းအတက် အကွေ့အကောက်များသော လမ်းတွေကြောင့်ဖြစ်မည်...တောင်စောင်းတစ်နေရာမှ အဝေးကိုငေးကြည့်ရတာလဲ အရသာတစ်ခုပါပဲ...
" မိုးလဲမရွာပဲ အပြင်ထွက်လာတာလား.."
" ရောက်လာပြီလား.."
" အင်း...ကိုယ့်ကိုဘာလို့ ချိန်းတာလဲ.."
" မေးစရာရှိလို့.."
" မေးပါ... "
ရောင်စုံမီးရောင်တွေရဲ့ အကူအညီနဲ့မြင်နေရတဲ့ တောင်ပေါ် သားမျက်နှာလှလှက ဒီနေ့မှ အရောင်ပိုရင့်နေသလို..တစ်ဆိတ် ဒီလူငိုထားတာလား...
" လင်အုပ်စုအကြောင်း.."
" ဟင်..."
" သိနေတယ်မလား.. ငါက လင်အုပ်စုကသားဆိုတာ.."
" အင်း..."
" ဘာလို့လဲ.. ဘာလို့လုပ်ရတာလဲ.."
" အကြောင်းပြချက်မရှိဘူး..."
" အဟင်း..မင်းရဲ့ အကြောင်းပြချက်မရှိတဲ့လုပ်ရပ်က ငါတို့ဘိုးဘွားပိုင်အရာတစ်ခုလုံး ပျက်စီးသွားပြီ.."
" မပျက်စီးပါဘူး ..ကိုယ် ဖျက်ဆီးခဲ့တာမဟုတ်ဘူး.."
" ဘာများကွာခြားလို့လဲ...ငါ့အတွက်တော့ ပျက်စီးသွားတာပါပဲ..တစ်သက်လုံး ထိန်းသိမ်းလာတဲ့ ပါးရဲ့သိက္ခာတရားတွေရော စွန့်ပြစ်လိုက်ရတာ. စက္ကန့်ပိုင်းအတွင်း နေရာပျောက်သွားအောင် မင်းလုပ်ခဲ့တာ.."
" တန်ရာတန်ကြေး ပြန်တောင်းတယ်လို့ပဲ မှတ်ပေးပေါ့..သူ့အပြစ်တွေရဲ့ တန်ကြေး..."
မုလုံ ကျောခိုင်းထားရာက တုန်လှုပ်စွာလှည့်ကြည့်မိသည်...အပြစ်အတွက် တန်ကြေးတဲ့လား...အပြစ်နဲ့ညီမျှတဲ့ ဝဋ်ကြွေးများလား...လွန်ခဲ့တဲ့ငါးနှစ်ရဲ့ မိုးသည်းညတစ်ညက အာရုံမှာထင်လာပြန်သည်..ဝဋ်ကြွေးတဲ့..

YOU ARE READING
ချစ်မိကြတဲ့အခါ
عشوائيအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်