Uni
" တကယ်ကြီး ကွာရှင်းကြမှာတဲ့လား.."
" အင်း.."
" ငါ့ ရှေ့နေဘဝသက်တမ်း တစ်လျှောက်.. ဒီတစ်ကြိမ်ပဲ တွေဝေဖူးတာ.."
" ဘာလို့လဲ.. "
" ငါတို့ တစ်ချိန်လုံး.. တစ်သက်လုံးလေးစားခဲ့ကြရတဲ့ သူတွေလေ.."
" ငါလဲ မတားချင်ဘူး ဟိုက်ခွမ်း..ငါသိတတ်ပြီဆိုကတည်းက အပါးတို့မပြေလည်ကြတာ ဒီအချိန်အထိပဲ..ဘာကြောင့်လဲလို့တော့ ငါမမေးကြည့်ခဲ့ဘူး..မေးလဲ ဖြေကြမှာမဟုတ်ဘူးလေ.."
" ခုရော သိရပြီလား.. "
" ဟိုက်ခွမ်း..မင်းကိုမချစ်တဲ့သူတစ်ယောက်ကို တစ်သက်လုံး ပေါင်းသင်းရမယ်ဆိုရင် မင်းဘာလုပ်မှာလဲ.."
" ဘယ်လိုလုပ် တစ်သက်လုံး ပေါင်းနိုင်မှာလဲ..မဖြစ်နိုင်တာ.. "
" အပါးတို့လဲ အဲဒီလိုပဲ.."
" ဟင်..!! "
" စီးပွားရေးကြောင့်ဖြစ်လာတဲ့ အိမ်ထောင်ရေးက ဘယ်လိုလုပ်အေးချမ်းမှာလဲ..အပါးစိတ်ထဲမှာ အမားမရှိဘူး..ဘာကြောင့် ဒီလောက်ကြာအောင် ပေါင်းနေကြတာလဲလို့မေးရင် သေချာပေါက် ငါ့ကိုလက်ညိုးထိုးကြလိမ့်မယ်...
အပါးက ငါ့လိုပဲ..အပါးရဲ့အချစ်က သာမန်မဟုတ်ဘူး..အမားကို အပါးလက်ထပ်လိုက်တာ ချစ်ရတဲ့သူကို ကာကွယ်ဖို့ဆိုရင် ..အမားကလည်း စီးပွားရေးကြောင့် အမားကိုလက်ထပ်တာပဲ..ဘယ်သူကစပြီးမှားခဲ့သလဲတော့ မသိဘူး..ဘယ်သူကမှလဲ မှန်မနေကြပါဘူး.."
" ဦးလေးဝမ် အချစ်က ယောကျ်ားလေးလို့ ပြောချင်တာလား.."
" အင်း..ဘယ်သူလဲဆိုတာသိရင် မင်းရဲ့အောက်မေး ပြုတ်ကျသွားလိမ့်မယ်..ငါစသိတုန်းကဆို ရူးသွားမလားတောင် ထင်ရတယ်.."
" ဘယ်သူလဲ.."
Villa အတွင်းဘက်မှာ စကားထိုင်ပြောနေမိကြတာ နှစ်ယောက်ထဲ..အမားရဲ့ သိက္ခာကိုငှဲ့ကြည့်ပေးတဲ့အပါးက ကွာရှင်းခြင်းကို လူသိရှင်ကြား မဖြစ်စေလို...ညနေမှစမဲ့ ကွာရှင်းမှု့ကြောင့် တာဝန်ယူထားတဲ့ရှေ့နေဟိုက်ခွမ်းက ကြိုရောက်နေရခြင်းသာ...

YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်