9

1.3K 85 3
                                    


Uni



သူကိုကျောပေးကာ ရပ်နေသူ Leoက အတွေးတို့များနေပုံရသည်...ရှင်သန်လာခဲ့တဲ့တစ်လျှောက်မှာ ဘာပဲလုပ် လုပ်တွေဝေတာမျိုးမရှိခဲ့ပေမဲ့ အခုတော့ မတွေးလို့မဖြစ်တော့...အိမ်သားလေးရှိလာတော့ တွေးစရာကရှိလာပြီ...Condoမှာပဲနေစေလို့တော့အဆင်မပြေ...

မြို့ပြင်က အိမ်ကိုမှာလဲ မထားချင်..လူသူအရောက်အပေါက်နည်းသောနေရာမို့ အသက်ပျော်မည်မဟုတ်...ကျယ်ကျယ်ဝန်းဝန်းနဲ့ နေလို့ကောင်းမည့် Villa ရှိရင်တော့ အဆင်ပြေမည်...

" ဆိုတော့..မင်းက Condo ကိုပြန်ရောင်းမလို့လား.."

" မရောင်းပါဘူး...Villa ပဲဝယ်လိုက်မယ်..နောက်ဆို သူလုပ်ချင်တာရှိရင် Villa ထဲမှာပဲ လုပ်နိုင်အောင်.."

" ခုလက်ရှိ Villa စျေးတွေက မတရားတက်နေတာနော်.."

" ငါ သိပါတယ် ကျိုးချန်ရာ..ဟိုက်ခွမ်း နဲ့တိုင်ပင်ပြီးရင် မဖြစ်မနေစီစဥ်ရမှာပဲ..ဘယ်စျေးဖြစ်ဖြစ် "

" အင်း...မင်းအပါးကတော့ သွေးတက်ပြန်ဦးတော့မှာပဲ.."

" မတတ်နိုင်ဘူး... သူများသားသမီးကို ယူထားပြီးမှတော့ တင့်တင့်တယ်တယ် မထားနိုင်ရင် ငါ ဝမ်ရိပေါ် မဟုတ်တော့ဘူး.."

" မင်းဟာက တင့်တယ်ရုံမကတော့ဘူးဟ..လွန်လွန်းတယ် "

" မင်း လင်ရမှသိမယ်.. "

" ယူစရာလား..."

" အင်း..ဟိုက်ခွမ်းက လာတောင်းမလို့တဲ့ မင်းကို.."

" ဘောပဲ.. ဟျောင့်.ငါပြန်ပြီ.."

" ဂရုစိုက်သွားနော်.. တစ်ခုခု ဖြစ်ရင် ဟိုက်ခွမ်း တာဝန်ယူလိမ့်မယ်.."

" ချီးပဲ.. ဟျောင့် "

" ရိုင်းလိုက်တာ.... "

ဒေါသက ဟုတ်လည်းထွက် မဟုတ်လည်း ထွက်နေတဲ့ ကျိုးချန်က တကယ် အပျိုကြီးဆိုဒ်..သူ ဒေါသထွက်လေ လေ Leo က စချင်လေ လေ...ရုပ်တည်ကြီးနဲ့ စတော့ ဆွေ့ဆွေ့ခုန်ပြန်သည်...ပြီးရင် မခေါ်ပဲလည်း မနေနိုင်...သူ့ပါသူ ထွက် သူ့ပါသူ ပြေ...ဒေါသ ပြောပါတယ်...

ရုံးခန်းကျယ်ကျယ်က ပြင်ပအသံတွေမကြားရလောက်အောင် တိတ်ဆိတ်၍နေသည်...Villa ဝယ်ရန် ဟိုက်ခွမ်း ဆီ Mail ပို့ရသေးသည်...Condo ကကျဥ်းတာတော့ မဟုတ်ပေမဲ့ Villa က ပိုအဆင်ပြေမယ်ထင်လို့သာ...

ချစ်မိကြတဲ့အခါWhere stories live. Discover now