20

639 67 7
                                    



Uni



ချစ်မိကြပြီဆိုမှတော့ ကြင်နာသူကို ဖဝါးခြေထပ်ခေါ်ချင်ကြသူတွေ ချည်းပါပဲ..သဘာဝကို ဆန့်ကျင်နေတာကလွဲရင် သူတို့ဟာလည်း အချစ်ခံသင့် ခံထိုက်ကြပါတယ်...လူတွေရှေ့လက်ဆွဲမိလို့ ဝေဖန်ခံရရင်တောင် ကိုယ်တစ်ယောက်ပဲ ခံချင်ကြတာမျိုး...

ငယ်ရွယ်သူကို အိမ်သားတော်ထားရတဲ့ leo ကပိုဆိုးတာပေါ့..ကျောင်းနေပျော်တဲ့အရွယ်မို့ သူငယ်ချင်းတွေကြား လက်ညိုးထိုးခံရမှာစိုးလှပါတယ်...ပြုံးလိုက်နေရင် သိပ်လှတဲ့မျက်နှာလေး ညိုးမှာစိုးထိပ်နေရတယ်...ကိုယ့်စိတ်နဲ့ကိုယ် ဆိုရင်တော့ လက်သွယ်လေးကိုကဆွဲလို့ ကမ္ဘာအနှံ့ မောင်းထုကြေငြာချင်တာပေါ့...

ဒီချစ်စရာကလေးငယ်က ငါ့အပိုင်ပါလို့ လူတွေသိအောင်ပြောချင်တာပေါ့ ..ဒါပေမဲ့ ကလေးငယ်ရဲ့ သဘောထားကရော ဘယ်လိုရှိနေမှာလဲ..ယူထားရတာ ယောကျာ်းတစ်ယောက်ဆိုပြီး ရှက်နေလေမလား..ရွယ်တူ အတန်းဖော်တွေကြား သိမ်ငယ်နေလေမလား..leo မှာရင်အမြဲထိပ်နေရတာပါပဲ...

နှစ်ယောက်ထဲ ရှိတဲ့အချိန်အမြတ်တနိုး ယုယနိုင်ပေမဲ့ လူတွေကြားရောက်ရင်တော့ ကောင်ငယ်လေးအတွက် တွေးရတော့မှာ...ဂရုမစိုက်ပဲ နေချင်ပေမဲ့ သူလေး အတွက်တွေးရတယ်...အိမ်ပြန်ရောက်တာနဲ့ အရင်ဆုံးရှာမိတာက သူလေးကို...ဧည့်ခန်းထဲ ခြေချလိုက်တာနဲ့ ကြားလိုက်ရတဲ့ဘအသံကြောင့် ခြေလှမ်းတွေက တုန့်ခနဲ...

  " အဟင်း..leo ကအကြိုက်ပြောင်းသွားတာတော့ မဖြစ်နိုင်ဘူး.. leo ကြိုက်တာက ငါ့လို မိန်းမလှလေးကို.. "

  " သြော...ဟုတ်လား.. ဒါဆို မောင်ကဘာလို့ မိန်းမလှလေးကို လက်မထပ်တာလဲနော်.."

  " အသစ်အဆန်းတွေ စမ်းသပ်ချင်တာနေမှာပေါ့.."

  " တစ်ဘဝလုံးပေးပြီး စမ်းသပ်တာလား..မယုံချင်စရာပဲ.."

" ပြီးတော့လေ.. leo က ညအိပ်ရင် ဟောက်တတ်သေးတာ.."

  " ဟမ်..ကျွန်တော်နဲ့အိပ်နေတာဖြင့် တစ်နှစ်ပြည့်တော့မယ် မောင်ဟောက်တာလဲ မကြားဖူးပါလားနော်.."

  " ...!! "

  " ပြောချင်ရင်လဲ ရုတ်တိရှိအောင်ပြောမှပေါ့ ဗျာ.."

ချစ်မိကြတဲ့အခါWhere stories live. Discover now