Uni
စိတ်ကတော့ တော်တော်လေး ဆင်းရဲရတာပါပဲ..Villa ပြောင်းလာစမို့ အေးအေးချမ်းချမ်း နေရမလားမှတ်ပါတယ် မကောင်းရာ မကောင်းကြောင်းလေးက ကပ်ပါတယ်...အိမ်သားလေယအနား ကပ်ရဖို့လဲဝေးစွ သူပြင်ဆင်ချင်တဲ့အတိုင်း လုပ်မယ်ဆိုပြီး ကျောင်းပါအပျက်ခံလေရဲ့...
ကလေးစိတ် ကလေးအရွယ်မို့ အပြစ်လဲတင်လို့မရပြန်ပါဘူး..သူငယ်ချင်းနှစ်ယောက် နဲ့အန်တီ့ကိုပါ မှာပြီး သွားရပြန်ပြီ ကုမ္မဏီ... ပတ်သက်မိထားတဲ့ဟာလေးက ဒုက္ခအိုးလေးမို့ သူ့မှာ ဖြေရှင်းလို့မပြီး...Villa ရောက်တာနဲ့ အလုပ်ပြန်သွားရမှာသိတော့ ဝတ်ခိုင်းလာတာက ကြည်ပြာရောင် ရှပ်လက်ရှည်နဲ့ ဂျင်းအနက်...
ဝတ်ပြီး မှန်ထဲကြည့်မိတယ်..အင်း..ဆိုးတော့မဆိုးဘူး.. နဂိုချောပြီးသားရုပ်က ပိုပြီးနုပျိုသွားသလို...ကိုယ့်ငါးချဥ် ကိုယ်ချဥ်တယ်လို့တော့ မထင်စေချင်ဘူး.. ကျုပ်က တကယ်ကြီးချောတာဗျ...
" ဧည့်သည်ရောက်နေပါတယ် Leo.."
" ဘယ်သူလဲ... "
" ရှောင်းအုပ်စုကပါ.."
" ဟမ်..."
" အရေးကြီးပုံပါပဲ.."
" ထားတော့...လချုပ်စာရင်းအရင်ယူခဲ့..ကြည့်ရအောင်.."
" ဧည့်သည်က.."
" ငါ ဖိတ်ထားတာမဟုတ်လို့ အရေးမကြီးဘူး.. လိုအပ်ရင် ငါခေါ်တွေ့မယ်.."
" ကောင်းပါပြီ.. "
အလုပ်က များပါတယ်ဆိုနေ ဘာပြဿနာတွေသယ်လာပြန်ပြီလဲ..စိတ်မကြည်ရင် တစ်မိသားစုလုံး လမ်းဘေးပို့မိတော့မယ်...တကယ့်အရှုပ်တွေ...လုပ်လက်စတွေမပြတ်နော့ ဧည့်သည်ကိုပါမေ့သွားရသည်...အရင်ကတည်းက ကိုယ်ဖိတ်ထားတာမဟုတ်ရင် သတိကမရတတ်တော့ ပိုဆိုးတယ်...
" Leo.."
" အင်း.."
" ဧည့်သည်က.."
" ဧည့်သည်.. ?.."
" ဟမ်...ဥက္ကဠရှောင်းလေ.."
" အာ...အလုပ်ကတော့ ပြတ်ပါပြီ..ခေါ်ခဲ့.."
" အိမ်ရှင်နဲ့ ဧည့်သည် လိုက်တော့လိုက်သား.."
တတွတ်တွတ် ရွတ်ထွက်သွားတဲ့ယွီပင်းကိုလဲ ပြန်မပြောအား... အလုပ်ကရှုပ်ရင် ကျန်တဲ့ရှုပ်တွေကပါ ရောလာတာ ကောင်းကိုမကောင်းဘူး...အသက် မင်းကမောင့်အတွက် တကယ့်ဒုက္ခအိုးလေးပဲ..မြတ်မြတ်နိုးနိုးနဲ့ သယ်ပိုးထားချင်တဲ့ ဒုက္ခအိုးလေး...

YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်