Uni
တိတ်ဆိတ်နေတဲ့ အိမ်ကြီးကခြောက်ခြားဖို့ပင်ကောင်းနေသေးသည်...ဒီအိမ်ကြီးထဲမှာနေနေလာတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ..တိတ်ဆိတ်တာကို သဘောကျပေမဲ့ ကြာလာတော့ အထီးကျန်ခြင်းကနေရာယူသည်....
ဝေဒနာကို အံတုရင်း နေတတ်အောင် ကြိုးစားရတာလဲမလွယ်ကူလှ...နောက်ဆုံးချိန်ထိတစ်ယောက်ထဲနေရမှာပဲလို့ ဘယ်လောက်ပြောပြော ကြောက်စိတ်က ဝင်လာစမြဲ...နှင်းဖွဲဖွဲကျနေတဲ့ အိမ်ပြင်ဘက်ကို ထိုင်ငေးရတာတောင် အလုပ်တစ်ခုလိုဖြစ်နေပြီ...
တစ်ယောက်သောသူကို စိတ်ချသွားချင်ပေမဲ့ ဘယ်လိုရင်ဆိုင်ရမည်မသိ..ထိုသူကို လွမ်းမိလေတိုင်း ရင်ဝကဆို့တက်လာခြင်းနဲ့အတူ လည်ချောင်းတစ်လျှောက်ကလဲ ပူစပ်ပူလောင်...
လွမ်းသည်..လိမ့်နေအောင် လွမ်းပါ၏...မည်သူ၏ အပြစ်နည်း...
...ဒေါက်..ဒေါက်...
" မုန့်ယောင်လား..ဝင်ခဲ့လေ.."
...ကျွီ...
အခန်းတံခါးကိုကျောပေးကာ ထိုင်နေတာမို့ ဝင်လာသူကိုမမြင်ရ..မုန့်ယောင်လားလို့ မေးလိုက်ရပေမဲ့ မသိစိတ်တစ်နေရာက မဟုတ်ကြောင်းကိုပြောနေသည်...ဒါဆိုရင် leo လား...
မုန့်ယောင်ဆိုရင် အိပ်ယာပေါ်မှာ မနေလို့ ပွစိပွစိ ဆိုပေလိမ့်မည်...leo ဆိုရင် နေသာရဲ့လား လို့မေးမည်မလွဲ...အသံမပေးပဲ တိတ်တဆိတ်ရပ်နေကာ ငြိမ်သက်နေသူကြောင့် လှည့်ကြည့်ရန် ဝှီးချဲဘီးကိုကိုင်လိုက်မိသည်..
" ဖန်ရှင်း.."
အက်ရှရှ ထွက်လာသည့်အသံကြောင့် ဘီးပေါ်ကလက်တွေတုန့်ခနဲ ဖြစ်ရသည်..တောင့်သွားသည့်ကြောပြင်နဲ့ မျက်နှာပျက်နေတာကိုလဲ မပြင်လိုက်နိုင်...
" ဖန်ရှင်း..ကိုယ့်ကိုကြည့်.."
" ..... "
" ဖန်ရှင်း..ကျေးဇူးပြုပြီး ကိုယ့်ကိုကြည့်ပါ.."
သေမလို လွမ်းနေခဲ့ရသူ..ရူးမလောက်မြင်တွေ့ချင်ခဲ့ရသူ.. ဒီအသံ ပိုင်ရှင်က သူ့အနောက်မှာရောက်နေပေမဲ့ လှည့်ကြည့်ဖို့မရဲ..သူ့ကြောင့်နဲ့ နာကျင်နေရမှာကို နည်းနည်းလေးမှ မလိုလား..
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်