Uni
ရာသီကုန်လုနေပြီမို့ နှုတ်ဆက်နေသလားထင်ရအောင် စွေတဲ့မိုးက တစ်ညလုံး တစ်နေ့လုံး ရွာသည်...မိုးသည်းညတိုင်း အိမ်မက်ဆိုးတွေနဲ့ မိုးလင်းခဲ့ရသည့် ကျန့်ကျန့်တစ်ယောက်ခုတော့ ရင်ခွင်ကျယ်တစ်ခုမှာ အေးချမ်စွာအိမ်စက်နေရပြီဖြစ်သည်..အပြင်မှာ မိုးတွေ ဘယ်လောက်သည်းပါစေ ကောင်းကောင်း အိပ်ပျော်နိုင်ခဲ့ပြီ...
စွေနေတဲ့မိုးကြောင့် အာရုံလာတာတောင် ကောင်းစွာ မလင်းနိုင်သေး...မောင့်ရင်ခွင်ထဲ ကျောပေးအိပ်ရင်း ခေါင်းအောက်က မောင့်လက်မောင်းတွေဆီ အကြည့်ပို့မိသည်...သွေးကြောစိမ်းတို့ကို ရှင်းလင်းစွာ မြင်နေရတဲ့အသားအရေ ကြည်ကြည်က ကျန့်ကျန့်တို့နဲ့မတူ...
ကျန့်ကျန့်က တောင်ပေါ်သားမို့ အသားအရေက ဝင်းသည့်ဖက်ကိုသွားသည်..မောင်ကကျတော့ နှင်းလိုဖြူဖွေးနေတာဖြစ်သည်...မောင့်လက်ဖဝါးတွေကို ဖြန့်ကာ ကျန့်ကျန့်လက်ကိုတင်ကြည့်တော့ လက်တစ်ဆစ်လောက်သေးနေတာ မြင်ရသည်...ဒါကြောင့် ကျန့်ကျန့်လက်ကို မောင်ဆုပ်ကိုင်လိုက်တိုင်း မြုတ်သွားတာကိုး...
လက်ထပ်လက်စွပ် ဝတ်ထားသည့်လက်သန်းကြွယ်ပင် ကျန့်ကျန့်လက်မထက်ကြီးနေသေးသည်...လူတွေပြောကြသလို ရုပ်နဲ့ နာမ်နဲ့လိုက်တယ်ဆိုတာမျိုးနေမည်...အရပ်မောင်းနဲ့ ကိုယ်ဟန်က လိုက်ဖက်လှသည်...တည်တည်တန့်တန့် မျက်နှာချောချောပါ ပေါင်းစပ်လိုက်တော့ မောက့်ရဲ့ချောမောမှု့က အတိုင်းအဆမဲ့သည်...
အလင်းရောင် အနည်းငယ်ရလာတော့ ကျန့်ကျန့်ထချင်လာသည်...ငယ်စဥ်ကတည်းက စောစောထတတ်တဲ့အကျင့်မှာ ပြင်လို့မရ...ထရန်ပြင်လိုက်ပေမဲ့ ခါးထက်က မောင့်လက်မှာ တင်းတင်းကျပ်ကျပ်...အိပ်ပျော်နေတာတောင်မှ ဖက်ထားတဲ့အားက လျော့မသွား...
" နိုးပြီလား...."
" မောင်..."
" ဗျာ..."
" နိုးနေရင်လည်း လွတ်ပေးဦးလေ..ထချင်လို့.."
အိပ်ယာနိုးစမို့ အက်ရှနေတဲ့မောင့်အသံက ယောကျ်ား ပီသစွာ...
" အိပ်ပါဦးကွာ...မိုးကရွာနေတာ..မြို့ထဲလည်းပြန်လို့မရလောက်သေးဘူး.."

YOU ARE READING
ချစ်မိကြတဲ့အခါ
Acakအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်