Uni
သွေးညှီနံ့တွေ လှိုင်ထနေတဲ့ အမှောင်ခန်းကြီးက ရင်ခွဲရုံကြီးလို အေးစက်စက်..အသည်းငယ်တတ်သူတွေ အဖို့ကတော့ ငရဲခန်းကြီးနဲ့ တူမည်ထင်သည်...နီကျင်ကျင် မီးရောင်မှိန်မှိန်က လွဲလို့ အလင်းရောင်မရှိမှု့က နေ့မှန်း ညမှန်းတောင်မသိနိုင်သည်အထိ...
Neon မီးရောင်အောက်မှာမြင်နေရတာက လူ့ခါးစောင်းခန့်မြင့်သည့် စားပွဲတစ်လုံးနဲ့ ထိုစားပွဲပေါ်မှ Size မျိုးစုံဓား အချောင်းများစွာ..ရုပ်ရှင်တွေထဲက စိတ္တစလူသတ်ခန်းကြီးနဲ့တောင် တူသေးတော့သည်...
မြွေကြီးတွေခွေနေသလို ချထားသည့်ရေပိုက်ကြီးတွေကလဲ မနည်းမနော...ဒီအခန်းထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ မသိ..စားချိန်တန်ရင် လာပို့ပေးတာကလွဲရင် ဘာမှမသိ ..ကိုယ့်အသက်ရှုသံကို ကိုယ်ပြန်ကြားနေရတဲ့ အနေအထားက ခြောက်ခြားစရာ...
ကိုင်ရိုက်ခံထားရသလို နာနေတဲ့ ခန္ဓာကိုယ်က စိတ်သွားတိုင်းမပါ...ဘယ်သူ ခေါ်လာလို့ ခေါ်လာမှန်းမသိ..ထမင်းစားချိန်ရောက်ရင် ဖိနပ်သံကြမ်းကြမ်းနဲ့ အရပ်မြင့်မြင့်လူတစ်ဦးကလွဲပြီး ဘာဆို ဘာမှ မသိရ...
...ချလောက်...
...ဒေါက်..ဒေါက်..ဒေါက်...
တံခါးချက်သံနဲ့အတူ ဖိနပ်သံပြင်းပြင်းကြောင့် နားကိုစွင့်ထားမိသည်...ကြောက်စိတ်က ဝင်လာပေမဲ့ ဟန်ကိုယ်ဖို့ ထိန်းထားရသေးသည်...ဝင်လာတဲ့ဖိနပ်သံက အရင်နေ့တွေလို့ ခပ်သွက်သွက်ဝင်လာတာမဟုတ်ပဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဝင်လာခြင်းပင်...
ခုံတစ်လုံးပေါ်မှာ ထိုင်နေရင်းက မျက်နှာကိုမြင်ရလို မြင်ရငြား လိုက်ကြည့်နေမိပေမဲ့ အမှောင်ထုထဲမှာ အနက်ရောင်ဝတ်ဆင်ထားသူရဲ့ မျက်နှာကို သဲသဲကွဲကွဲမြင်ရခြင်းမရှိ... မျက်နှာချင်းဆိုင် ခုံမှာခြေချိတ်လို့ ထိုင်လာသည့် ခြေတံရှည်တွေကိုတော့ မြင်ရသည်...
ပြောင်လက်မဲနက်နေတဲ့ Shoes ကတော့ တန်ဖိုးကြီးမှန်း သိသာသည်..တစ်လက်လက်ထနေတဲ့ စိန်တစ်ပွင့်ပါသည့် ငွေရောင်လက်စွပ်ကတော့ ထိုသူရဲ့ လက်ပေါ်မှာ တင့်တင့်တယ်တယ်...
Neon မီးရောင်နီကျင်ကျင်ကြောင့် စိန်ပွင့်လေးမှာလဲ အနီရောင် သန်းနေလေသည်...
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်