15

1.2K 79 3
                                    


Uni


တောင်ပေါ် မိုးရာသီကို ပထမဆုံးထိတွေ့လိုက်ရတာ ဘာခံစားချက်ကြီးမှန်းမသိ...အေးတာကတော့ ဆောင်းလည်း အေးတာပါပဲ..ဒါပေမဲ့ မိုးရာသီရဲ့ အအေးဓာတ်ကပိုကဲနေသလို...ခွေနေလို့လဲမရ..ခေါက်နေလို့လဲမရ...ချစ်လှစွာသော ရန်သူတော်ကြီးရဲ့ အမိန့်ဆန်တဲ့ အကူညီတောင်းမှု့ ကြောင့်ရောက်လာရပေမဲ့ တောင်ပေါ်ဒေသရဲ့ ရာသီက သူနဲ့ ကီးမကိုက်...

လုပ်ရမှာက သူ့များသားပျိုလေးကို အပိုင်ဖမ်းဖို့...ပုံမှန်ဆို မကူညီပဲနေလိုက်မိပှာပင်..ခုက သူ့များသားပျိုချောချောလေးမို့ လုပ်ပေးဖို့သဘောတူလိုက်ရတာ..ပြောလို့ရတာမဟုတ်ဘူး..သူ့ကို ခိုင်းလို့မရရင် တစ်ခြားလူကို ခိုင်းမှာ...မနေနိုင်တဲ့ သူကပဲ ထလာရတာပဲ...

coffee ဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်ရင်း ဖုန်း screen ပေါ်က ခပ်ညိုညိုလူသားကို ထိုင်ကြည့်နေမိသည်...တောင်ပေါ်သားတွေက အသားညိုတာ ထုံးစံလားမသိ..သူသိခဲ့ဖူးတဲ့ ညိုစိုစိုလေး လူသားလှလှလေးကို ပြန်မြင်ယောင်မိပြန်သည်.. အရမ်းညိုနေတာမျိုးမဟုတ်ပဲ ဝင်းသည့်ဖက်ကိုသွားသည်...သူတို့လို ဖြူဖွေးနေတာမဟုတ်...

ခပ်လှလှ အမျိုးသားတစ်​ယောက်မို့ ညိုနေလည်းကြည့်ကောင်းတာပါပဲ...ဒီဟာလေးကို ရန်သူတော်ကြီးက ချိုင်ခိုင်းသတဲ့...သူ့ဟာလေးနဲ့များ ပတ်သက်နေသလားမသိ...လုပ်ကြည့်ဆိုတော့လဲ လုပ်ကြည့်တာပေါ့.. အရှုံးမှမရှိတာ...လုပ်ငန်းစုတစ်ခုဆိုပဲ...

ထို အညိုရောင်အမျိုးသားကလည်း ထူးဆန်းသည်...နေပူရင်အိမ်တွင်းပုန်းပြီး မိုးရွာမှ ထီးတစ်လက်နဲ့ coffee ဆိုင်ထိုင်သတဲ့..ခုလဲ တစ်စိမ့်စိမ့်မိုးအောက်မှာ လာနေပြန်ပြီ...တယ်လဲ အအေးကြိုက်တဲ့ တောင်ပေါ်သားတွေ...ကားပေါ်က အမြန်ဆင်းပြီး ဆိုင်ထဲဝင်ရန်ပြင်ရသည်...Mission စပြီ...

" အ့.."

" အာ..sorry တောင်းပန်ပါတယ်.. ကိုယ် လောသွားလို့.."

" ရတယ်.."

ဟိုက်..အကြောကြီးနဲ့ပါလား..ခပ်လှလှ မျက်နှာနဲ့မလိုက်ဖက်အောင် တည်တင်းတင်းဖြစ်နေပုံက လူကို ရှိန်သွားစေတာ လိုလို...

ချစ်မိကြတဲ့အခါWhere stories live. Discover now