11

1.3K 85 5
                                    



Uni



မိုးရာသီ ရောက်လာတိုင်း ခပ်ဆွေးဆွေး ဖြစ်လာတဲ့ စိတ်ကို ဘာနဲ့မှ နှိုင်းပြလို့မရ...ဒေါသနဲ့ ရှက်စိတ်တွေသာ ကြီးစိုးလာတဲ့အခါ တစ်ကိုယ်လုံး ကိုစိတ်ရှိလက်ရှိ ကုတ်ဖဲ့မိတာ အကြိမ်ကြိမ်...မလုံခြုံတဲ့ ခံစားချက်တွေဝင်လာရင် အနားမှာ မောင်ရှိမှ အဆင်ပြေသည်...

မောင်မရှိတဲ့အခါ မောင်ရဲ့ Shirt တစ်ထည်ကောက် ဝတ်လိုက်မှ လုံခြုံသွားတာ အလိုလို...ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်ရင်းငြိမ်သက်နေမိတဲ့ အချိန်ကမည်မျှကြာပြီမသိ..ကြယ်သီးတပ်ထားခြင်းမရှိတဲ့ ရင်ဘတ်နေရာမှာ ထင်နေတဲ့ စင်းကြောင်းတွေက အမာရွတ် အဖြစ်သို့ပင် ပြောင်းနေပြီ...

ဒေါသကြီးသူ အဖို့ ကိုယ့်အသားနာမှသာ ဒေါသကပြေသည်...ဒီ့အပြင် ရွေးချယ်စရာ မရှိ.. ဒေါသနဲ့ရှက်စိတ်တွေ လွမ်းလာတိုင်း တစ်ကိုယ်လုံးကိုစိတ်ရှိလက်ရှိကုတ်ဖဲ့မိတာ ပါပဲ...ဒီအကြောင်းတွေ ကိုသိသူက တစ်ယောက်သာလျှင်ရှိပါသည်..

ဒီအမာရွတ်တွေကြောင့် အမြဲတမ်း အလုံထုပ်သာဝတ်ခဲ့ရသည်...လူတွေမေးလာရင်တော့ အအေးနဲ့ဓာတ်မတည့်ဘူး ဆိုသည်သာ အကြောင်းပြချက်...မှန်ပြင်မှာ ထင်နေသည့် မျက်နှာလှလှက အပြစ်ဆိုစရာမရှိအောင် အနက်ရောင်နဲ့ လိုက်ဖက်နေသေးသည်...ဒီအလှ ကိုမုန်းလိုက်တာမှတအားပဲ...

ယောကျာ်း တန်မဲ့ လှနေတဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်မိပါရဲ့... ဒီအလှတွေကြောင့်ပဲ လူတကာရဲ့ ပါးစပ်မှာ မကောင်းတဲ့သူဖြစ်ခဲ့ရတာ..စိတ်ပျက်လိုက်တာ...

" အသက်.."

" ဗျာ.."

" ဘာလုပ်နေတာလဲ.. "

" ဘာမှမလုပ်ပါဘူး.. မောင်ပြန်လာတာ စောတယ်နော် "

" အင်း..မင်းကို ပြစ်ထားသလိုဖြစ်​ေနတောင်းပန်ပါတယ်.. "

" ရပါတယ်.. "

" ဒီည ညစျေးသွားကြမလား.."

" တကယ်လား ဟင်.."

" တကယ်ပေါ့.. "

" ဟုတ်..ဒါဆို အဝတ်စားလဲလိုက်မယ်နော် မောင်ရေချိုးဦးမယ်မလား.."

ချစ်မိကြတဲ့အခါWhere stories live. Discover now