Uni
လေယူရာ ယိမ်းနေကြတဲ့ သစ်ပင်စိမ်းစိမ်းတွေက ခပ်ငြိမ့်ငြိမ့်...လေပြင်းလာရင် အေးစက်ရသလို လေငြိမ်နေပြန်ရင်လဲ ပူအိုက်ပြန်သည်...ကောင်းကင်တွေအုံ့မှိုင်းလို့ လေငြိမ်လာရင် မိုးရွာတော့မဲ့ နိမိတ်...မိုးစက်လေးတွေက လှသလောက် မိုးချိုင်းသံ ကတော့ စိတ်ပျက်စရာ...
လေပြင်းတွေများရောလာရင် နေစရာကိုမရှိတော့..အဲဒီလို အချိန်တွေရောက်လာရင် ကြောက်စိတ်ထဲဒေါသကရောလို့ အလုံးလိုက်အရင်းလိုက် နေရာယူသည်..လျှပ်စီးရဲ့ အလင်းနဲ့ မြင်နေရတဲ့ မျက်ဝန်းတွေကတော့ ရွံစရာအတိ...
စာနာမှု့မရှိ အတင်းဖက်တွယ်ပွတ်သတ်လာတဲ့ လက်တို့က ကြမ်းရမ်းစွာ...အားကုန်အော်ဟစ်မိပေမဲ့ ပြင်းထန်နေတဲ့ မိုးသည်းတို့ကြောင့် ကြားနိုင်သူမရှိ...ယောကျ်ားတစ်ယောက်ကို ဖြစ်ပါလျှက်နဲ့ တစ်ခြားယောကျ်ားတစ်ယောက် လက်ထဲက မရုံးထွက်နိုင်တာကတော့ စိတ်ပျက်ဖွယ်ပါပဲ...
အားကုန်ရုံးပြီး ထွက်ပြေးမိတော့ ခြေဝတ်မပါတဲ့ ခြေဗလာပေမို့ ကြမ်းတမ်းလှတဲ့ မြေပြင်ကြောင့် သွေးတွေ ချင်းချင်းနီလို့...
လူသူမဲ့နေတဲ့ မညီမညာတောင်ပေါ်လမ်းမှာ ပြေးလွှားရင်းက ငိုရှိုက်မိတာ အကြိမ်ကြိမ်..တစ်ဦးတည်းသော သွေးသားဖြစ်သူ ဖခင်ရှိရာ ရှောင်းအိမ်တော်ရှေ့ရောက်မှ လဲကျသွားခဲ့ရတာ အရုပ်ကြိုးပြတ်...တစ်ဖြည်းဖြည်း စဲသွားတဲ့မိုးမှာ သူမဟုတ်သလို...အိမ်တော်ထဲထိ အားတင်းလို့ဝင်ရပြန်သည်..သို့သော် ကြိုဆိုသူကား မရှိပြန်ပါလေ...
" ဘာဖြစ်လာတာလဲ..ကျောင်းပြေးပြီး ရန်ဖြစ်ရလောက်တဲ့အထိ ပျက်စီးနေပြီလား..."
" မဟုတ်ဘူး ပါး..ကျွန်တော်.. "
" ဆင်ခြေမပေးနဲ့... မင်းက မင်းအမေလိုပဲ..ဗီဇက မပျောက်ဘူး "
မြ နေအောင်သွေးထားတဲ့ ဓားတစ်လက်လို ရင်ဝကိုဝင်လာတဲ့ ပါးရဲ့စကားလုံးတွေက မကြားရဲစရာ...ကျောင်းပြေးရတဲ့ အကြောင်းရင်းကို မမေးပါပဲ အပြစ်ဆိုလာသည့် ပါးက သူ့ကို သားတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပုံမရ...ပါးရဲ့ စကားတွေကြောင့် ငြိမ်သက်စွာ ရပ်နေတုန်း ပြန်ရောက်လာတဲ့ အစ်မ..
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်