26

722 66 3
                                    

Uni

" မဟုတ်သေးပါဘူး ကျိုးချန်ရာ..ငါ ဘာလုပ်မိလို့လဲ.. "

" ကိုယ့်ကိုကိုယ်တောင် မသိဘူးပေါ့.. ရတယ် မပြောနဲ့.. ငါလဲ မပြောတော့ဘူး ကြိုက်သလိုနေ..ငါလဲ ကြိုက်သလိုနေမယ်..."

" ကျိုးချန်..နေဦး..ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြော ဒီလိုမထားခဲ့နဲ့.."

" မပြောဘူး..! "

" ကျိုးချန်..ဝန်ထမ်းတွေ ရှိနေတယ်.. အသံနည်းနည်း လျော့ပါကွာ.."

" ရှိ, ရှိလေ..ဂရုစိုက် နေရမှာလား.. "

" ဟ...တော်တော့.မင်းတော်တော့..ပြန်မယ်မလား..လာ.လိုက်ပို့ပေးမယ်.."

" မလိုဘူး.. ငါ့ဘာသာပြန်မယ်.."

" နှင်းတွေအရမ်းကျနေတယ်လေကွာ..ဘယ်လိုပြန်မှာလဲ.."

" ကားမရှိရင် ခြေထောက်ရှိတယ်.လမ်းလျှောက်ပြန်မယ်.."

" မင်း..ဟင်းးး..ဆိုးလိုက်တာ.. "

" ဘယ်သူ့ကို ဆိုးတယ်ပြောနေတာလဲ.."

" မပြောပါဘူး.. ပြန်မယ်ဆို လိုက်ပို့ပေးခိုင်းမယ်..ငါ အရေးကြီးလုပ်စရာတွေ ပုံနေလို့.."

" ပို့ဖို့မလိုဘူးလို့ ပြောနေတယ်မလား..မင်း လုပ်စရာရှိတာပဲလုပ်.."

" ကျိုးချန်..! "

ကုမ္မဏီထဲကနေ ဒေါသတကြီးပြန်ထွက်သွားတဲ့ ကျိုးချန်ကို နားလည်ဖို့ ဟိုက်ခွမ်း အတော်ကြီးကြိုးစားရမည်ထင်၏...ဘာကို ဒေါသထွက်မှန်းကိုမသိ...ဒေါသထွက်လိုက်တိုင်း ပစ်မှတ်က ဟိုက်ခွမ်းဖြစ်လာတာကလဲ မကြာလှသေး..

" လူတွေ..လူတွေ.."

" ယွီပင်း..မင်း ဒီမှာ ဘာလုပ်နေတာလဲ.. leo ရော.."

" ဒီမှာ ရှိနေတာက ကိစ္စ ရှိလို့ပေါ့ကွာ.. leo ကတော့ ငါလဲ မသိဘူး.. "

" Secretary လုပ်နေပြီးတော့.. မင်း သိတာဘာရှိလဲ.."

" ဘာရှိလဲ ဆိုတော့ ဒီနေ့ နှစ်ပတ်လည်ရှယ်ယာရှင် Meaning ကို ဥက္ကဋ္ဌ ကိုယ်စား ငါတက်မယ်.."

" ဟမ်..မင်းကလား.."

" ငါက ဘာဖြစ်နေလို့လဲ..ဒီလောက်ခန့်ညားတဲ့ အမျိုးကောင်းသားလေးကို အထင်သေးရဲတယ်ပေါ့.."

ချစ်မိကြတဲ့အခါWhere stories live. Discover now