Uni
လှုပ်လီလှုပ်လဲ့ ရေပြင်ကိုထိုင်ကြည့်နေတဲ့ ကလေးငယ်မှာ ဆယ်နှစ်သာသာ...ယောကျာ်းလေးတွေကူးတဲ့ ရေကူးကန်မို့ ကျယ်လည်းကျယ်သလို နက်လည်းနက်သည်...အောက်ခြေကိုမြင်ရလောက်အောင် ကြည့်လင်နေတဲ့ရေပြင်က လေအသင့်မှာ လှုပ်လီလှုပ်လဲ့...
ခြေတစ်ပိုင်းကို ရေထဲချလို့ထိုင်နေသည်က အချိန်တစ်ခုကြာပေမဲ့ လှုပ်ရှားလာခြင်းမရှိသည်က ကလေးငယ်...ကြွေသားဖြူပြောင်ပြောင်ကို ခင်းထားတဲ့ ကြမ်းပေါ်မှာ ထိုင်နေပေမဲ့ အေးနေခြင်းကို သတိမှုမိပုံတော့မရ...ကြီးမားလှတဲ့ အိမ်တော်ကြီးကတော့ ဆိတ်ငြိမ်လျှက်ရှိနေတာ လူမနေသည့်အိမ်အိုကြီးလို...
ကျောပြင်သေးသေးလေးကို အတန်ကြာရပ်ကြည့်နေပေမဲ့ လှုပ်ရှားမလာတော့ စိတ်ကပူရပြန်သည်...သည်ကလေး အအေးဓာတ်ကို ခံနိုင်တာလဲမဟုတ်ပါပဲနဲ့...ဆယ်နှစ်ကျော်မက ငယ်ရွယ်သူကို မောင်ငယ်လေးလိုတစ်မျိုး သားငယ်လေးလို တစ်ဖုံ ဂရုဏာတွေ ပိုမိရသည်...
ပြည့်စုံတဲ့ဘဝနဲ့ မွေးလာတယ်လို့ ပြောနေပေမဲ့ ဘယ်လောက်အထီးကျန်နေတယ်ဆိုတာ မြင်နေရတာပဲ...ဘယ်လောက်ပဲ ပြည့်စုံနေပါစေ..မိဘနဲ့ စိမ်းနေလေတော့ ပြည့်စုံတယ်လို့တော့ မဆိုသာပါ...
" Leo..."
".... "
" ထိုင်နေတာ ကြာပြီလေ..အထဲဝင်ကြရအောင်.."
သူမ ခေါ်သံအဆုံးလှည့်ကြည့်လာသည့်မျက်နှာလေးမှာ နွမ်းလျစွာ...ခဏအကြာ ရေပြင်ရှိရာ အကြည့်တို့ရောက်သွားပြန်သည်...
" Leo.."
" ဒီနေ့..Leo birthday .."
" မမကြီး သိတယ်လေ.."
" အပါး နဲ့ အမားကမသိဘူး.."
" ကလေးရယ်..."
" Leo အိမ်မှာ မနေချင်ဘူး.."
" မဟုတ်တာ.."
ltaly ရောက်နေတဲ့ အိမ်တော်သခင်ကို ပြေးခေါ်ပေးရမလား Sainthai ရောက်နေတဲ့ သခင်မကိုပဲ ပြေးခေါ်ပေးရမလား မသိတော့...အရွယ်နဲ့မမျှ သိတတ်လွန်းတဲ့ကလေးငယ်ကို ဘယ်လိုနှစ်သိမ့်ရမလဲ ဝမ်ချင် တကယ်မသိတော့ပါ...
YOU ARE READING
ချစ်မိကြတဲ့အခါ
Randomအချစ်ရဲ့ နောက်ဖက်စာမျက်နှာမှာ ပိုင်ဆိုင် လိုခြင်းတွေရှိတယ် မောင့် အသက်