3

834 56 3
                                    


Uni


မနက်အိပ်ယာထကတည်းက ပြုံးတော့မလို ရယ်တော့မလို ဖြစ်နေတဲ့ကျန့်ကျန့် မျက်နှာကို ကျင်းရီတစ်ယောက် မျက်စောင်း တစ်ထိုးထိုး..ညကလည်း ညဥ့်နက်မှဝင်တာ သိတယ်...စာအုပ်ဖတ်တတ်တာသိပေမဲ့ ခုရက်ပိုင်းတွေ အရင်လိုမဟုတ်တော့...

မျက်စိဒေါက်ထောက်လိုက်ကြည့် နေရအောင်လဲ ကလေးလဲမဟုတ်...ပြောပြန်ရင်လဲ မကြိုက်မှာကြောက်တော့ ပြောလို့မရပြန်...​ပြောရင်လဲ ဘူးတစ်လုံးခံကာ ငြင်းဦးမှာ...

" မင်း ပြုံးရင်လဲ ပြုံးလိုက်ပါ ကျန့်ကျန့်ရာ..မင်းမျက်နှာက ဘာဖြစ်နေတာလဲ.. "

" ငါ ဘာဖြစ်နေလို့လဲ.. "

" ပြုံးတော့မလို ရယ်တော့မလိုနဲ့လေ.."

" မင်း ထင်လို့ပါကွာ.. "

" ထင်နေတာ မဟုတ်ဘူး မြင်နေတာ..ညကလဲ ညဥ့်နက်မှ အိပ်ပြီးတော့.."

" ဘာလဲကွာ... အစောကြီး အိပ်တာပါ.."

" ကျန့်ကျန့်..! "

" နောက်ကျတော့မယ်.. ပြေး.."

ပြောပြော ဆိုဆို အခန်းထဲက ထွက်ပြေးသွားတဲ့ ကျန့်ကျန့်ကြောင့် ညီအစ်ကိုနှစ်ယောက် ကြောင်ကြောင်ကြီး ကျန်ခဲ့သည်...သူ ခြေတံရှည်တယ်ဆိုတိုင်းနဲ့..တအားအနိုင်ကျင့်တာပဲ..

နောက်မှာ ကျန်နေတဲ့ ညီအစ်ကိုနှစ်ယောက် ကြောင့် ကျန့်ကျန့် လွတ်လပ်စွာ ရယ်မိသည်...ဘာတဲ့..ပြုံးတော့မလိုလို တဲ့..တကယ်ပဲ ပြုံးမိနေခဲ့တာလား...မျက်နှာတောင် မမြင်ဖူးတဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို တွေးမိရုံလေးနဲ့လေ.. ပြုံးမိနေတာတဲ့လား...

ကျောင်းသားတစ်ချို့ရှိနေတဲ့ လမ်းပေါ်ရောက်တော့ ကိုယ်ရှိန်သတ်မိသည်..တစ်ဖက်လမ်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မည်...သူကလည်း ကိုယ့်ဖက်ကြည့်နေသလို ကိုယ်ကလည်း ပြန်မလွဲမိ...

ခဏအကြာမှ မျက်လွှာချလို့ ကျောင်းရှိရာ ဖက်ကို ခပ်ဖြည်းဖြည်း လျှောက်ခဲ့လိုက်သည်..တစ်ဖက်လမ်းမှ ဆိုင်ကယ် နက်စွေးစွေးနဲ့ သူကလည်း တစ်လိမ့်ချင်းမောင်းလို့ ပါလာသည်..ပြန်မကြည့်မိတော့ပေမဲ့ သူပါလာနေသည်ဆိုတာ လှုံခြုံနေတဲ့ စိတ်က သက်သေ...

ချစ်မိကြတဲ့အခါWhere stories live. Discover now