4

1K 61 1
                                    


Uni



" တကယ်မှားခဲ့ကြတာက ကျွန်တော်တို့ "

" မှားတာ သိတယ်.. မှားပါတယ် ဆိုပြီးဝန်ခံလိုက်ရင် ဝမ်အိမ်တော်က ဘာဖြစ်သွားမလဲ.."

" ဝမ်အိမ်ကတော့ မသိဘူး...ဝမ်အိမ်သခင်လေးကတော့ အားလုံးကိုဆန့်ကျင်ခဲ့တယ်မလား.."

" မပူနဲ့ ဒီကောင်အပြင်မှာ ကြာကြာမနေနိုင်ပါဘူး..ပြန်လာလိမ့်မယ်.."

" အစ်ကိုကြီးက အဲဒီလိုပဲထင်တာလား..ကျွန်တော်ကတော့ မထင်ဘူး.."

" ဘာလို့မထင်ရမှာလဲ..မွေးကတည်းက ဒီအရွယ်ထိ သူလုပ်နိုင်တာဘာရှိလို့လဲ..ပြဿနာ ရှာဖို့နဲ့ အရွဲ့တိုက်ဖို့ပဲသိတာ.."

" ဝမ်ကျယ့်မှာ မာနရှိတယ် အစ်ကိုကြီး.."

" ဘယ်သူ့ဆီမှာ မရှိလို့လဲ."

" အပြင်မှာ ဝမ်ကျယ်ရပ်တည်နိုင်မယ်ဆိုတာ ကျွန်တော် သိနေတယ်.."

" ဘယ်လိုပုံစံနဲ့လဲ..မဖြစ်နိုင်တာတွေ မပြောနဲ့ ဝမ်ဟိုင်.. မင်းအဲဒီလို ယုံကြည်မှု့တွေ လွန်ကဲလို့ ဒီကောင် အောက်ခြေလွတ်နေတာ...ကျေးဇူး ကန်းနေတာ.."

" အဲဒီယုံကြည်မှု့တွေနဲ့ ဝမ်ကျယ်က သိပ်ပြီးထိုက်တန်တယ်..ဝမ်ကျယ်က အရည်အချင်းရှိတယ်.."

" ဘာအရည်အချင်းလဲ..ပြဿနာတွေ ရှာတဲ့အရည်အချင်းလား..မင်းစိတ်တွေ ပျော့မလာနဲ့ ဝမ်ဟိုင်.. တစ်ချက်မှားတာနဲ့ ဝမ်အိမ်ရဲ့ သိက္ခာတွေ မြောင်းထဲရောက်မှာ.."

" အစ်ကိုကြီး.. ! "

" မင်း နားသင့်တယ်..ပြန်ရောက်တုန်း ကောင်းကောင်းနား.."

ဒီပြဿနာတွေရဲ့ အရင်းအမြစ်က ဝမ်ဟိုင်ဆိုသော သူ...ရည်ရွယ်ချက်ရှိရှိ မှားခဲ့တာ မဟုတ်ပေမဲ့ မှားတာက မှားတာပဲ...လူငယ်သဘာဝ ပျော်စေပျက်စေ စနောက်မိကြတဲ့ ကိစ္စက လူတစ်ယောက်ကို သေစေခဲ့သည်အထိ ပြင်းထန်ခဲ့တာ...

အမှားကို ဝန်ချချင်ခဲ့ပေမဲ့ အိမ်တော်အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဝေးကိုပို့ပြစ်လိုက်ကြတာ..အချိန်သည်ကား ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ...သူ့ကို ဦးငယ်ခေါ်လို့ တွယ်တာလွန်းတဲ့ တူလေးကတော့ အကြည့်တစ်ချက်ပေးလိုက်တိုင်း ရွံစရာ လူတစ်ယောက်လို...

ချစ်မိကြတဲ့အခါWhere stories live. Discover now