"အဖေ့ကြောက်လို့သာ လက်ထပ်ထားရတာ ....ငါအာ့မိန်းမကို တစ်စက်ကလေးမှ ခံစားလို့ရတာမဟုတ်ဘူး..."
"မင်းကလည်း ဝတ်ပုံစားပုံကသာ တောဆန်တာပါကွာ...ရုပ်ကလေးကချစ်စရာကောင်းပါတယ်..."
"ရုပ်ကသာချစ်စရာကောင်းတာ.... အပြောဆိုးပြီး ငွေတိုးချေးစားတာ အူကြောင်ကြောင်နိုင်တာတွေကရော..."
~~~~~~
"ခင်ဗျား.... သွားသွား အဲဒီ့ဂွမ်းစောင်ကြီးတွေခြုံအိပ်ရင် ကျုပ်နဲ့လာမအိပ်နဲ့သွား......တခြားအခန်းသွားအိပ်"
"ဘာလို့အိပ်ရမှာလည်း ဒီအခန်းကြီးငါလည်းပိုင်တယ် ပြီးတော့ နင်ကအဲကွန်းဖွင့်ရုံတင်မဟုတ်ဘူး ပန်ကာပါဖွင့်ထားတော့ ငါအအေးပတ်မှာကြောက်တာပေါ့ဟဲ့ ငမဲ့ကောင်ရဲ့....."
"ခင်ဗျားနော်........ခင်ဗျားဘာသာသရဲကြောက်လို့ ခြုံအိပ်တာများ ကျုပ်အပြစ်ဆိုပြီးလာလွှဲချမနေနဲ့......ရွှေဝါစုတ်ရဲ့ "
"တောက်စ်.....ဒီနေ့ညတော့ နင်နဲ့ငါသတ်ပြီးမှ အိပ်ရမယ်ထင်တယ်....."
"ခင်ဗျားသဘောလေ....ဘယ်လိုနည်းနဲ့သေချင်သလည်းဆိုတာသာပြောလိုက်"
ခွန်အားနဲ့အနိုင်ယူစွာပြောနေသည့် တုနှိုင်းကင်းမဲ့ကို ဝါ အမြင်ကတ်ကတ်နဲ့ လက်မောင်းသားကို ကုန်းကိုက်ပစ်လိုက်သည်။
"အား.....ခင်ဗျားတော့...တွေ့မယ်....ခင်ဗျားတော့...လာခဲ့စမ်း"
~~~~~~~~
"ဟဲ့...နင် အရက်တွေသောက်လာတာလား.. "
"ဟုတ်တယ်လေ ဘာဖြစ်လို့လည်း.... "
"နင့်အနံ့နဲ့ ငါမူးနေပြီ..အဝေါ့.."
"ဒုက္ခဘဲ...အရက်သောက်တဲ့သူကမမူးရဘူး အနံ့ရတဲ့ခင်ဗျားက ပိုမူးနေတယ်..."
~~~~~~
"ခင်ဗျား ရွာက သာဂိတို့ ချက်ကြီးတို့ကို လွမ်းနေတာလား...ခင်ဗျားလင်က ကျုပ်နော်..."
"ဟွန့် ....နောက်တစ်ခါလေ ရပ်ကွက်ထိပ်က ဂေါပကလူကြီးတွေဆီက ငါမိုက်နဲ့လော်သွားငှားပေးမယ်... "
"ဘာလုပ်ဖို့လည်း..."
"တလင်လင်နဲ့ နင်ထိုင်အော်နေရအောင်လို့...."
"ဘာ....ခင်ဗျားတော့ လုပ်လိုက်ရ နာတော့မယ်...."
"အောင်မာ ထိရဲထိကြည့်လိုက်လေ....မယ်ဝါတဲ့တစ်ဝါထဲရှိတယ်နော်..."
~~~~~~
"ငါ အရင်တွဲခဲ့တဲ့ကောင်မလေးတွေလိုမျိုးသာ ချွဲတတ်နွဲ့တတ်ရင် ငါ့ရင်ခွင်ထဲ သူရောက်နေတာကြာလောက်ပြီ....အခုကကွာ....ငါကစိတ်တိုပြရင် သူကဘီလူးဆိုင်းပြန်တီးပြနေတာ...."
~~~~~~~~
"အမေတို့ ပေးစားတဲ့ အဲ့အကောင်ကို ယူပြီးကတည်းကလေ သမီးညညဆို မအိပ်ရဘူးသိလား"
"ဟဲ့...ဒါ နင် မိဘကိုပြောရမယ့်စကားလား...."
"ဟင် အမေဘာတွေတွေးနေတာလည်း..."
~~~~~~
"ကင်းမဲ့တို့တောင် တောသူနဲ့ညားမှဘဲ အပိုးကျိုးသွားတော့တယ်...ကောင်းတယ်ကွာ...ကောင်းတယ် ဆက်သာကျိုး ဆက်သာကျိုး"
~~~~~~
"ကွာမယ် ကွာမယ်... ဒီကောင်နဲ့ဝါ ဆက်မပေါင်းနိုင်တော့ဘူး.ရွာဘဲပြန်မယ်...."
~~~~~~~~
"ဒါဘယ်လဲ...."
"နင့်အပူလား..."
"ကျုပ်ကမပူဘူး.... ခင်ဗျားပူနေလို့ပြောတာ.....ဒီလောက်မိုးတွေရွာနေတာတောင် အကြွေးတောင်းထွက်နေတယ်......"
"ဘာဖြစ်လည်း...ငါ့ခန္ဓာကိုယ်နဲ့ငါ...နင်နဲ့မဆိုင်ဘူး...."
"အဟင်း.....ခင်ဗျားဗိုက်ကြီးကိုခွဲပြီးရင်တော့ ခင်ဗျားဘာသာ မိုးရေထဲလျှောက်သွားရုံမကလို့ စပါးပင်တွေကြားလှဲအိပ်နေနေကျုပ်နဲ့မဆိုင်ဘူး..."
"တုနှိုင်းကင်းမဲ့ နင်တော့နော်..."
❤
ကျွန်တော်က ရောင်စုံကာလာတွေကို သဘောကျတယ်ပြောပြောပြီး အဖြူထည်မှ ချစ်မိသွားတာ....
တော်ပြီ တော်ပြီ ဒီလောက်ဘဲအမြည်းပေးမယ်...😝
အရမ်းဆိုးတဲ့ကောင်လေးကို သည်းခံမယ့်မမ ဇာတ်လမ်းမဟုတ်ပါဘူး.. သူသေကိုယ်သေ ဖိုက်မယ့်ဇာတ်ပါ...အသုံးအဖြုန်းကြီးပြီး အသန့်အပြန့်ကြိုက်တဲ့ ကင်းမဲ့နဲ့ ငွေတိုးချေးတဲ့ဝါရွှေနုသွေး...😆😆
အာ့မှာစတွေ့ပြီဘဲ....
ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး ဖတ်ရမယ့်ficလေးပါ....မချစ်ဘဲယူကြတဲ့သူတို့နှစ်ယောက် ဘယ်လိုဒုက္ခတွေကြုံရမလည်းဆိုတာ စောင့်မျှော်ကြပါရှင်😅
Funnyနဲ့romanceပေါင်းစပ်ထားတာပါ....ဒီပုံစံက အခုမှပထမဆုံးရေးကြည့်တာမို့ အမှားများပါရင်ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း🙏....
✍~. ငွေဇင်နွယ်<Zapphia >💛
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...