~မချစ်တဲ့ဒုက္ခ ~
<သို့>
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၇)
"ဘယ်လို.......မင်းလုပ်နိုင်တာဟုတ်လို့လားကွာ.....မိုးထဲလေထဲလုပ်ရမှာ ဖျားတာနာတာတွေဖြစ်ကုန်ပါဦးမယ်"
"မဖြစ်ပါဘူး ဖေဖေ....ကျွန်တော်လုပ်နိုင်ပါတယ်.........တကယ်ကူချင်လို့ပါ......."
"အေးလေ မင်းဖြစ်တယ်ဆိုရင်ပြီးတာပါဘဲ.....မိုးထက်တို့နဲ့ အတူတူလုပ်ပေါ့ ......."
"ဟုတ်ကဲ့ဖေဖေ"
ဦးထွန်းရွှေနှင့်တုနှိုင်းကင်းမဲ့တို့ စကားပြောနေကြသည်ကို မယ်ဝါနဲ့မြခက်တို့ နားထောင်နေကြလေသည်။
"မမ......သူတကယ်လုပ်နိုင်လိမ့်မယ်လို့ထင်လား "
"မထင်ဘူး.....သူ့ပုံစံနဲ့ဘယ်လိုလုပ် လုပ်နိုင်လိမ့်မလည်းဟယ်...... ငါအတာ့ကြောင့်လောင်းထားတယ်.. ဟင်းဟင်း..."
ဝါ သူ့ကိုယ်သူအပိုင်ဆိုပြီး အပြုံးပန်း ချီလို့နေလေသည်။
"ဘာလောင်းထားတာလည်း......မမ".
"ငါနိုင်ရင် သူလုံးဝအရက်မသောက်ဖို့....."
"သူနိုင်ရင်ရော......"
"မသိပါဘူး "
"မမကလည်း ပြောပြစမ်းပါ ...."
"အော်......ငါမသိဘူးဆိုနေမှ ဒီကောင်မလေး....သွား လုပ်စရာရှိတာသွားလုပ်တော့...."
"မမကလည်း ဟွန့်....."
သူနိုင်ရင် ဝါကကလေးနောက်တစ်ယောက်မွေးပေးရမယ်တဲ့လေ....သူလယ်အလုပ် မလုပ်နိုင်လောက်ဘူးဆိုတာ သေချာတယ်....ဒီအလောင်းအစားပွဲမှာ ဝါကသာသရဖူဆောင်းရတော့မယ်လေ...
~~~~~~~~
မိုးကောင်းသည့်ဒေသမို့ မိုးသံလေသံက အဆက်မပြတ်ကြားနေရလေသည်။ မိုးတဖြိုင်ဖြိုင်ရွာနေသည့်ကြားမှာ လူရွယ်နှစ်ဦးလှည်းဖြင့် မျိုးပေါတွေကိုသယ်လျက် လယ်ကွက်ဆီတရွေ့ရွေ့သွားနေလေတော့သည်။
"ချမ်းနေလားအကို......ကျွန်တော်တို့အဖို့တော့နေသားကျနေပြီ......"
မိုးထက် သူ့ဘေးမှာထိုင်လျက်လိုက်ပါလာသည့် ယောက်ဖဖြစ်သူကိုစကားစပြောလိုက်လေသည်။
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...