မချစ်တဲ့ဒုက္ခ
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂)
"သူတစ်ဖက်သားကို ဘာလို့ထီးရိုးနဲ့သွားခေါက်ရတာလည်း ....ဟိုကယောကျ်ားလေးနော်.....ညည်းတအားလက်ရဲဇက်ရဲနိုင်တာဘဲ"
ကင်းမဲ့ပြောလိုက်သည့်စကားကြောင့် သူမအံ့အားသင့်နေချိန် အိမ်အပေါ်တက်ကနေ အဖြစ်အပျက်အလုံးစုံမြင်လိုက်သည့်အမေက သူမအားလာဆွဲခေါ်သွားလေသည်။
"အမေကလည်း....သူက ဝါ တအားကြောက်တဲ့ဖားကပြုတ်နဲ့လှမ်းပစ်တာကို...ပြီးတော့အဲ့ဒီအကောင်က အမေတို့ပေးစားတဲ့ကောင်ဆိုတာ သမီးမှမသိဘဲကိုး...."
နူတ်ခမ်းဆူကာပြောလိုက်တော့ အမေလက်ဝါးက ပခုံးနှင့်အက်စပ်ဖြစ်သွားရသည်။
"အကောင်...အကောင်နဲ့ သူများသားသမီးကို.... ပြီးတော့ အဲ့ဒါနင်ယူမယ့်ယောကျ်ားနော် လေးလေးစားစားဆက်ဆံမယ်မရှိဘူး...."
"ဟာ....သမီးထက်၅နှစ်လောက်ငယ်တာကို လေးလေးစားစားဘယ်လိုဆက်ဆံရမှာလည်း အမေရ...ဒုက္ခပါဘဲ......ပြီးတော့နော် သမီး သူ့ကိုမယူချင်ဘူး လက်သရမ်းခြေသရမ်း ကျုပ်ကခင်ဗျားတော်ရမယ့်လင်လေးဘာလေးနဲ့ တအားမိုက်ရိုင်းတဲ့ကောင်"
ဒေါက်.......
အ...
"ပြောပြန်ပြီလား ကောင်လို့.... လူကြီးတွေက ကောင်းမယ်ထင်လို့စီစဥ်ခဲ့တာ.....နေပါဦး နင်ကသူ့ကိုဘာငြင်းစရာရှိသလည်း....နင်ပြောတော့ကိုရီးယားသွားပြီး ကိုရီးယားမင်းသားလေးတွေနဲ့အကြောင်းပါပစ်မယ်ဆို....အခုလည်းကိုရီးယားမင်းသားထက်ကို ချောတယ်လေ....ဘာပြစ်ချက်ရှိသလည်း ကဲပြော......"
အခန်းထဲမှာ အမေနဲ့ဝါ နှစ်ယောက်ထည်းသာ တင်ပျဥ်ခွေပြီး ထိုင်ပြောနေတာဖြစ်သည်။
"သူချောတာတော့ သိပါတယ်.....ဒါပေမယ့် ဘယ်လိုရေစက်မှန်းမသိဘူး....လာလာချင်းကတည်းက ဝါသူ့ကိုကြည့်လို့မရဘူး.....အမြင်ကတ်လိုက်တာ"
"ဝါရွေနုသွေး....ကြည့်မရလည်း...ညည်းအခုမှတော့ငြင်းချင်လို့မရဘူးနော်....နောက်ငါးရက်နေရင်ဘဲ မင်္ဂလာဆောင်ရတော့မယ်....ညည်းအဖေကို အသက်ခြောက်ဆယ်ကျော်မှ သွေးတက်ပြီးသေစေချင်သလား....ဟမ်"
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...