မချစ်တဲ့ ဒုက္ခ
{သို့}
{ခင်ဗျားကြောင့်ရူးပြီ)အပိုင်း (၁)
ဟိုင်းဝေးလမ်းမကြီးပေါ်မှာ မိသားစုစီး စင်းလုံးကားအနက်လေးဟာ တရွေ့ရွေ့ပြေးလျက်....တိမ်မျှင်တိမ်စတွေက မြေပြင်ကြီးနဲ့ထိစပ်နေသည့်အလား ထင်မှတ်ရသည်။ နွေဦးမို့ သစ်ပင်များက ရွှေအိုရောင်သမ်းနေလေသည်။
ကားလမ်းတလျှောက် တွေ့နေရတဲ့ သဘာဝမြင်ကွင်းများကို သူလျစ်လျူနေမိ၏။
အကောင်ကြီးကြီး ရာထူးကြီးကြီးတစ်ယောက်ရဲ့ အချစ်ဆုံးသမီးတစ်ယောက်နဲ့ ဇာတ်ရှုပ်မိတာကတစ်ကြောင်း ၊ ဖခင်ဖြစ်သူရဲ့သူငယ်ချင်း သားကို ရန်ရှာပြီးဆွဲထိုးမိတာကတစ်ကြောင်း၊ အရက်မူးပြီး ရဝကရုံးကို ခဲနဲ့ထုမိတာကတစ်ကြောင်း စုစုပေါင်း အကြောင်းသုံးခုဖြင့် အခုတော့ ရွာဇနပုဒ်က ဘယ်လိုရုပ်ရည်ရှိမှန်းမသိတဲ့မိန်းမမျိုးနဲ့ လက်ထပ်ရပေတော့မည်။ ငြင်းပြန်ရင်လည်း 'မင်းအခု ငါ့အိမ်ပေါ်ကဆင်း'ဟူသော အဖေ့၏ရာဇသံကိုကြောက်ရတာကြောင့် အခုလိုစီစဥ်တာကို လက်ခံလိုက်ရခြင်းဖြစ်သည်။
မဟုတ်ရင်လည်း အိမ်ပေါ်က ဆင်းလျှင် သူ့မှာသွားစရာနေရာကမရှိ......လူဆိုးမို့ ဘယ်ဆွေမျိုးကမှ လက်မခံချင်ကြမှန်း သူကိုယ်တိုင်လည်းသိသည်။ သိရက်နှင့်လည်း မိုက်နေတာပင်......အပေါင်းအသင်းများအိမ်လည်း သွားမနေချင်....ကင်းမဲ့ဆိုတာ သူ့ကသာ ပေးချင်ကျွေးချင်သာ သူများဆီက ကပ်စားရမှာမျိုးတော့ သူမလိုလားပေ။
အိမ်ပေါ်ကဆင်းဆိုတာနဲ့ လစဥ်မုန့်ဖိုးရနေတဲ့ ဘဏ်အကောင့်ပါ ပိတ်ခံရမှာမို့ သူစောဒကမတက်ရဲဘဲ ဖခင်ဖြစ်သူ စီစဥ်သည့်အတိုင်း လိုက်နာခဲ့ရသည်။
နာမည်က တုနှိုင်းကင်းမဲ့....မိသားစုမှာ အငယ်ဆုံး အဆိုးဆုံး ဂျစ်အတိုက်ဆုံးပင်.....ဦးသီဟနှိုင်းနှင့်ဒေါ်မုဒြာခင်တို့မှာ သားသုံးယောက်သာရှိပြီး ဒီတစ်ယောက်သာထိန်းမနိုင်သိမ်းမရနေတာဖြစ်၏။ အကိုအကြီးဆုံးဖြစ်တဲ့ သက္ကရာဇ်နှိုင်း က ဆေးဝါးcompanyတည်ထောင်ပြီး ကိုယ့်ဒူးကိုယ်ချွန်၍ အောင်မြင်နေသည့်သူ......သားအလတ် ဝသာန်နှိုင်းရံက သစ်တောဦးစီးအရာရှိဖြစ်ပြီး နှစ်ယောက်စလုံးက မိန်းမကိစ္စအရှုပ်အရှင်းကင်းသည့်အပြင် ရန်လည်းတစ်ခါမှမဖြစ်ဖူး... အလောင်းကစားလည်းမလုပ်ဖူးပေ။
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...