Part-18

3.6K 81 0
                                    

မချစ်တဲ့ဒုက္ခ
    
                {သို့}

                 ( ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၈)

"ကဲ ပြောစမ်းပါဦး ဆရာသမား..... မင်းရန်ကုန်မှာဘာဖြစ်လာတာလည်း...မင်းချာတိတ်ကြောင့် အသည်းကွဲလာတာလား...."

သက္ကရာဇ် ရဲမင်းပေးတဲ့ သံပုရာရည်ခွက်ကို မော့သောက်လိုက်မှ စိတ်ကကြည်လင်သွားသည်။

နားထင်ကို လက်မနဲ့ဖိကာ ချေနေလိုက်၍...

"မင်းဘယ်အချိန်က ပြန်ရောက်တာလဲရဲမင်း...."

"လေးနာရီလောက်က.  .ကဲပါ မင်းငါ့ကိုစကားလမ်းကြောင်းမလွှဲစမ်းနဲ့.....ဘာဖြစ်လာတာလည်း "

"ဟင်း....."

သက္ကရာဇ် သက်ပြင်းရှည်ရှည် တစ်ချက်ချလိုက်သည်။

"ငါ့ကို ငြင်းလိုက်တယ်ကွာ....ခံရသိပ်ခက်တာဘဲ..."

"မင်းကိုငြင်းလိုက်တယ် ဟုတ်လား....အဲ့ကောင်မလေး မင်းကိုချစ်နေတာလို့ငါထင်ထားတာ...."

"ငါလည်း အဲဒီ့မျှော်လင့်ချက်လေးနဲ့ မေမေတို့ရှေ့မှာလက်ထပ်ဖို့ပြောလိုက်မိတာဘဲ....သူကငါ့ကို သူက ငါ့လက်ခုပ်ထဲကရေလား....သူ့ကိုအပိုင်တွက်ပြီး ဇွတ်တရွတ်လုပ်တာလားဆိုတဲ့စကားတွေနဲ့ လက်မထပ်နိုင်ပါဘူးဆိုပြီး ငြင်းသွားတယ်....ငါလည်းစိတ်အရမ်းညစ်ပြီး ကလောကိုတောက်လျောက်မောင်းလာခဲ့တာ...."

"နေပါဦး.... မင်းသူ့ကို အဆင့်ကျော်ပြီးတော့များ လက်ထပ်ဖို့ပြောလိုက်တာလား..."

"အင်း...."

"ဟာ....မင်းကွာ....မင်းက အငြင်းခံရတာနည်းတောင်နည်းသေးတဲ့ကောင်ဘဲ.....မိန်းကလေးတွေအတွက် အချစ်ဆိုတာအဓိကကွ....မင်းသာသူ့ကိုချစ်တယ်ပြောပြီး လက်ထပ်ခွင့်တောင်းကြည့်... သူချက်ချင်းကိုလက်ခံလိုက်မှာ..  "

"ဒါပေမယ့် သူနဲ့ငါ့ကြားမှာ သံယောဇဥ်ဆိုတာ ရှိတယ်လေ..."

"မတူဘူး သက္ကရာဇ်ရ.... ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းက သူတို့ဘဝမှာ အကြားချင်ဆုံးဘဲ......မင်းသူ့ကို ရင်ထဲကသာသေမတတ်ချစ်နေတာ...အပြင်မှာမဖွင့်ဟ ဖူးဘူးမဟုတ်လား..."

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now