Part-22

4K 71 0
                                    

~မချစ်တဲ့ဒုက္ခ ~

                   {သို့}

                 (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၂၂)

"ဒေါ်ပု....ဟိုတစ်ယောက်အခုထိပြန်မလာသေးဘူးမဟုတ်လား."

"ရှင်.....ဘယ်သူ့ကို​ပြောတာလည်း....မမလေး..."

"ဒေါ်ပုအကိုလေးကိုမေးနေတာ....မနက်ကိုးနာရီဘဲထိုးနေပြီ....အခုထိပြန်မလာသေးဘူးပေါ့"

"အကိုလေးက ဘယ်တုန်းက ဘယ်သွားလိုက်လို့လည်း မမလေးရဲ့....."

ညဆယ့်နှစ်နာရီကထွက်သွားတာဆိုတော့ ဒေါ်ပုကအိပ်မောကျနေ၍ မသိတာဖြစ်မည်။

"ကျစ်.....နေတော့နေတော့ ဝါ ဦးဘသောင်းကိုဘဲသွားမေးလိုက်တော့မယ်...."

"ဟုတ်...ဟုတ်"

ဒေါ်ပုက ခေါင်းလေးအသာကုတ်ပြီး ကျန်နေခဲ့သည်။

မယ်ဝါ ကားရေဆေးနေသည့် ဦးဘသောင်းဆီသွားလိုက်ပြီး

"ဦးဘသောင်း...."

"သြော်....ဟုတ် မမလေး"

"မနေ့ညက.... တုနှိုင်းကင်းမဲ့ ထွက်သွားတာသိလိုက်တယ်မို့လား....."

"ဟုတ်ကဲ့ သိလိုက်ပါတယ် မမလေး"

"သူအခုထိတစ်ခေါက်မှကို ပြန်မလာသေးဘူးမို့လား..."

ညက ငိုတဲ့အရှိန်ကြောင့်မနက်လေးနာရီလောက်မှ ဝါအိပ်ပျော်သွားတာကြောင့် သူပြန်လာသလား မလာဘူးလားဆိုတာ မသိလိုက်ပေ။

"ဟုတ်...ဟုတ် ပြန်မလာသေးပါဘူး...."

ဒီတစ်ခါသုံးကြိမ်မြှောက်ပေါ့ တုနှိုင်းကင်းမဲ့ရယ်....အဲဒီ့မိန်းမအိမ်မှာ နင်အခုရှိနေလို့ကတော့ ...နင့်ကိုကွာရှင်းမယ် ပြီးတော့လူ့ကျင်ဝတ် အိမ်ထောင့်ဝတ္တရားကိုဖောက်ပြန်တဲ့အတွက် နင့်ကိုခွင့်မလွှတ်ဘူးမှတ်.......

"ဝါသွားစရာရှိလို့ ဦးဘသောင်း.... ဝါ့ကိုလိုက်ပို့ပေးပါ"

"ဟုတ်ကဲ့မမလေး...."

ဟိုမိန်းမ ဖွင့်ထားတဲ့သင်တန်းကျောင်းရှေ့ရောက်တော့ ဝါအထဲကိုလှမ်းကြည့်မိသည်။

အိမ်တံခါးအဝမှာ မြင်လိုက်ရသည့်မြင်ကွင်းက ဝါ့နူတ်ခမ်းကိုအလိုလိုကိုက်မိစေသည်။ သူ့ရင်ခွင်ထဲမှာ ဟိုမိန်းမကဝင်နေပြီး သူကလည်းခေါင်းကိုပွတ်သပ်ပေးနေသည်။ ဘာလဲ...ဒါအိမ်ပြန်မှာမို့ နူတ်ဆက်နေကြတဲ့သဘောလား....

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now