~မချစ်တဲ့ဒုက္ခ~
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၆)
"မကြိုက်ဘူး......ဒီဟာက ပုံစံကိုကြိုက်တယ်....အရောင်တွေမကြိုက်ဘူး....မှိုင်းတိုင်းတိုင်းနဲ့"
"ဒီပုံစံက အတွန့်တွေနဲ့ မကြိုက်ဘူး....."
ဝါ သူ့အစား အရောင်းဝန်ထမ်းကောင်မလေးတွေကို အားနာလိုက်တာ....အထည်တွေအစည်းလိုက် အစည်းလိုက်ထုတ်ပြခိုင်းပြီးသည့်တိုင် အခုထိသူကစိတ်တိုင်းမကျသေးပေ။
"တုနှိုင်းကင်းမဲ့....... နင်အရမ်းတွေချေးများမနေနဲ့..... ကလေးတွေကို အားနာစရာ...."
"ရပါတယ်...မမရဲ့...."
ရပါတယ်လို့သာပြောတာ...ကောင်မလေးမျက်နှာကြည့်တာနှင့် ဒီလင်မယားမြန်မြန်ပြန်ပါစေဟုဆုတောင်းနေသည့်ပုံစံဖြင့်....
ဆိုင်ထဲစစဝင်သွားချင်းတုန်းကဆို သူ့ကို
ချောသည်ဟုဝိုင်းကြည့်နေကြပြီး သူ့ကိုစျေးရောင်းဖို့သာအားသန်နေကြသည်။ အခုတော့လူ့ဂွစာကြီးဆိုပြီး မသိမသာနှာခေါင်းလေးတွေရှုံ့လျက် ထသွားကြလေသည်။"မကြိုက်ဘူး....မကြိုက်ဘူး....တစ်ထည်မှမကြိုက်ဘူး....ဒေါ်ရွှေဝါပြန်မယ်လာ...."
နှစ်ယောက်သားထိုင်နေရာကနေ သူကဝါ့လက်ကိုဆွဲခေါ်တော့ ဝါအမြန်ပုတ်ချလိုက်ရသေးသည်။
"ဟဲ့.....နင် လူရိုက်ပေါက်မလုပ်နဲ့နော် တုနှိုင်းကင်းမဲ့....ဒီလောက်အကြာကြီးနင်ထိုင်ရွေးနေပြီးမှ ဘာမှမဝယ်လို့ကောင်းမလား...."
"ဟ...ကြိုက်ရင်ဝယ်မှာပေါ့.... "
"သွား...သွား....နင်ဆိုင်ရှေ့အရင်ထွက်နှင့် သွား....ငါနောက်ကလိုက်လာခဲ့မယ်.. "
သူအရင်ထွက်သွားမှ ဝါ ငှက်ခါးရောင်ဗိုက်ဖုံးအင်္ကျီလေးရယ် အပြာရင့်ရောင်လေးရယ် နှစ်ထည်ဝယ်ခဲ့လိုက်သည်။
"ဝယ်လာတာလား....အဲဒီ့ဟာတွေဘာတစ်ခုမှ မကြိုက်ပါဘူးဆို"
"နင်ဟာလေ.....ပြောကိုမပြောချင်တော့ဘူးသိလား....အားနာရကောင်းမှန်းလည်းမသိဘူး....တော်တော်ဆိုးတယ် "
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...