~မချစ်တဲ့ဒုက္ခ~
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၁၉)
သူချက်ချင်းဘဲ ကလောကနေ ရန်ကုန်သို့တောက်လျောက်မောင်း၍ ပြန်လာခဲ့လေသည်။ အိမ်ရောက်ရောက်ချင်း ကားတံခါးအမြန်ဖွင့်ပြီး ပြေးဝင်သွားလိုက်တာ.....
"ဟင်.... ကိုကြီး...."
သူမစကားလေးမဆုံးခင် သက္ကရာဇ်သူမအား ပြေးပွေ့လိုက်တာကြောင့်...
"မင်းကို ငိုစေခဲ့မိရင် ကိုကြီးတောင်းပန်ပါတယ်နော်....နောက်တစ်ခါဒီလိုထပ်မလုပ်တော့ဘူး ....စိတ်မဆိုးနဲ့တော့နော်.. ."
"ဟင့်အင်း....တန်ခူးစိတ်မဆိုးပါဘူး....."
"မနက်ဖြန်လက်ထပ်ကြမယ်...."
ကိုကြီးက စကားကိုခပ်ပြတ်ပြတ်သာပြောရင်း သူ့မျက်လုံးတွေက အရောင်တောက်နေလေ၏။
တန်ခူး ကိုကြီးရင်ခွင်ထဲကနေ အသာရုန်းထွက်လိုက်ပြီး
"ချက်ချင်းကြီး...ကိုကြီးကလည်း...ဒေါ်ဒေါ်တို့စိတ်ပူနေကြတယ် ....ပြန်ရောက်ပြီလို့ပြောလိုက်ပါဦး...."
"အင်းပါ....ကိုယ်ပြန်ရောက်လာပြီလို့ပြောရင်း မင်္ဂလာကိစ္စကိုပါ ပြောလိုက်မယ်နော်....."
သူမဆီက ချစ်မျက်စောင်းလေးခံယူပြီးနောက် ဝမ်းသာအားရစွာနှင့်ဘဲ အပေါ်ထပ်ဆီ သူတက်သွားလေသည်။
~~~~~~~
"ဒေါ်ရွှေဝါ.......ဒေါ်ရွှေဝါ......ထထ..."
"အာ......မထချင်သေးပါဘူး...အစောကြီးကို"
"မဟုတ်ဘူး....ကျုပ်တို့ ပြန်ကြရမယ်လို့...."
"ဟင်....ဘယ်ကိုပြန်မှာလည်း....ဒီရောက်တာ ဘယ်နှစ်ရက်ရှိသေးလို့လဲ"
"ခင်ဗျား ဒီကမ်းခြေကို သဘောကျတာကျုပ်သိပါတယ်....ဒါပေမယ့် အကိုကြီးမင်္ဂလာဆောင်ရှိလို့ ကျုပ်တို့အခုပြန်မှရမယ်.......ထဆို..."
သူမကို အိပ်ယာပေါ်က မရရအောင်ဆွဲထူပြီး ခေါ်ယူရသည်။ လေယာဥ်လက်မှတ်ကလည်း ဘိုကင်လုပ်ထားပြီးသားမို့ အချိန်မှီသွားဖို့သာလိုသည်။ အကိုကြီးကလည်း သူများလင်မယားဟန်းနီးမွန်းထွက်နေတဲ့အချိန်ကျမှ မင်္ဂလာဆောင်ရတယ်လို့. ....ထင်ထားသည့်အတိုင်း အိမ်မှာနေတဲ့ အေးတိအေးစက် ရေခဲတုံးအာပေတူးမလေးနှင့်ပါဘဲ.....ဒီကောင်မလေးအပေါ် အကိုကြီးချစ်နေသည်ဆိုတာ သူကြိုသိနေတာဘဲလေ.......
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...