part~10

5.4K 126 0
                                    

မချစ်တဲ့ဒုက္ခ

                      {သို့}

                          (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၀)

စက်ရုံတစ်ခုလုံး သူဋေးလာစကားပြောညွှန်ကြားမည်ဟူ၍ ဝီရိယကောင်းစွာ ရောက်နှင့်နေကြလေသည်။ ကြီးမားတဲ့ အထည်ချုပ်စက်ရုံကြီးသည်လည်း များပြားလှသည့်အဆင့်ဆင့်တာဝန်ယူထားကြလေသော အလုပ်သမားများအပြည့်အနှက်နှင့်ပင်။

များမကြာမီ သူဋေးဦးသီဟနှိုင်း၏ ကားအဖြူ စက်ရုံရှေ့ကားပါကင်ဆီရောက်ရှိလာလေသည်။ လည်ကတုံးအင်္ကျီအဖြူ၊ ပုဆိုးကွက်စိပ်နက်ပြာရောင်တို့ကိုသာ သပ်သပ်ရပ်ရပ်ခန့်ညားစွာဝတ်ဆင်လေသည်။ သားသုံးယောက်နှင့်အပြိုင် ဥပတိရုပ်အသွင်တည်ကြည်လျက်ရှိပြီး သြဇာအာဏာကြီးမား၍ စည်းကမ်းကောင်းလေသည်။

ဒါ့ကြောင့်လည်း လက်အောက်ငယ်သားဝန်ထမ်းများအားလုံးက ရိုသေကြသည်၊ လေးစားကြသည်။

ဦးသီဟနှိုင်း စက်ရုံကိုရောက်ပြီဆိုတာနှင့်တပြိုင်နက်တည်း အလုပ်သမားများ မတ်တပ်ထရပ်ကြလေသည်။

ဦးသီဟနှိုင်း အလုပ်သမားများရှေ့တွင် မန်နေဂျာနှင့်တကွ ရပ်ပြီး.....

"မင်းတို့အားလုံးကို ဒီနေ့ပြောမယ့်ကိစ္စက အရေးကြီးတယ်.....ကျုပ်မှာသားသုံးယောက်ရှိတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ....အကြီးနှစ်ယောက်ကတော့ သူ့အလုပ်နဲ့သူကိုယ်စီရှိနေကြပြီ.....

အခု ကျုပ်သားအငယ်ဆုံးက အလုပ်လုပ်ချင်တယ်လို့ မနေ့ကလာပြောတယ်.....ကျုပ်လည်းအသက်ရလာတော့နားချင်ပြီ...ဒါ့ကြောင့် ကျုပ်ရဲ့နေရာကိုကျုပ်သားက ဝင်ပြီးတာဝန်ယူလိမ့်မယ်..

စက်ရုံမန်နေဂျာနဲ့ဒီကအလုပ်သမားများက သူ့ကို မသိတာနားမလည်တာရှိရင် အားမနာဘဲထောက်ပြပေးကြပါ...သူ့ရဲ့စိတ်ဓာတ်နဲ့အရည်အချင်းကတော့ ကျုပ်အတိုင်းဘဲ..ကျုပ်ပြောချင်တာဒါပါဘဲ...."

"ဟုတ်ကဲ့ပါသူဋေး"

ဦးသီဟနှိုင်းထွက်သွားလေတော့ အကုန်လုံးကိုယ့်အလုပ်ကိုယ် ကိုယ်စီပြန်လုပ်ကြလေသည်။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now