part~5

3.9K 87 0
                                    

မချစ်တဲ့ဒုက္ခ

              {သို့}

                       (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၅)

"ဘာ.....ငါက နင့်လိုကောင်မျိုးကိုရတာ ကံကောင်းသေးတယ်ပေါ့....."

"ဒါပေါ့......ကျုပ်ကို လိုချင်နေတဲ့မိန်းကလေးတွေမှအများကြီး ဒါပေမယ့်ခင်ဗျားလို ဘုကလန့်ဂွစာကျတဲ့အပျိုကြီးရသွားတာဆိုတော့ ခင်ဗျားက ကံကောင်းလို့ပေါ့....."

"ဟွန်း......ငါကတော့ နင့်ကိုရမိတာ ငါ့အတိတ်ကံဆိုးလို့ဘဲလို့ထင်တယ်..."

"ဟာဗျာ......ပြောရက်လိုက်တာ "

"ပြောရက်တယ်....ပြောရက်တယ်....ငါ့ကိုရတာသာ နင်ကံကောင်းတယ်မှတ်...."

"ပြောပါဦး..... ခင်ဗျားကဘာကောင်းတာလဲ"

"ငါက ဒီကမ္ဘာပေါ်မှာ စိတ်ထားအကောင်းဆုံးလူသားလေ"

"အဟက်....ဟား...ဟား...."

သူ့ရယ်သံက ကျောချမ်းစရာမို့ ဝါပခုံးလေးတွန့်သွားသည်။လူပုံက ကိုရီးယားမင်းသားလိုပုံစံနဲ့ ရယ်သံက ဓားပြသံနဲ့....

"ဟဲ့အကောင်....မရယ်စမ်းနဲ့....ငါအတည်ပြောနေတာ.ငါကစိတ်ထားအကောင်းဆုံးဘဲ...."

"ကျုပ်ထပ်ရယ်လိုက်ရမလား..."

"တော်စမ်း....."

ပေါက်တောရွာအဝင်ရောက်ခါနီးတော့ ခါးကိုလာဖက်ထားသည့်သူ့လက်တွေကိုဖယ်ချပြီး နောက်တိုးထိုင်ခိုင်းရသည်။ အိမ်ထောင်သည်ဖြစ်သော်ငြားလည်း လူကြီးသူမတွေအရှေ့မှာ ဘယ်သင့်တော်ပါ့မလည်း..

အကြွေးတောင်းရမည့်အိမ်ကိုရောက်တော့ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ မယ်ဝါဆိုင်ကယ်ရပ်လိုက်တော့ ကင်းမဲ့ကအရင်ဆင်းလိုက်ကာ အိမ်ထဲကိုလှမ်းငုံ့ကြည့်သည်။ လူရိပ်လူယောင်တောင်မမြင်ရပေ။

"ဒေါ်ဝါရွေနုသွေး....ဒါလူနေအိမ်တော့ဟုတ်ပါတယ်နော်..."

"ဟုတ်ပါတယ်....ဘယ်များသွားကြလို့လည်းမသိဘူး... ငါဟိုဘက်ဝိုင်းကိုသွားမေးကြည့်လိုက်ဦးမယ်....နင်ဆိုင်ကယ်နားကစောင့်နေလိုက်"

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now