part~4

4K 106 0
                                    

မချစ်တဲ့ဒုက္ခ

          {သို့}

              (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၄)

"ဟင့်အင်း.......မသွားဘူး....မသွားဘူး သမီး မြခက်နဲ့ဘဲ ဒီအခန်းမှာအိပ်မှာ....."

"သြော်....ဒီကောင်မလေးနှယ်....ပြောရဆိုရခက်လိုက်တာ...နင်ကမင်္ဂလာဆောင်ပြီးပြီလေ....လင်မယားဆိုတာ အတူအိပ်ရမှာပေါ့.... သွား...."

ခုတင်ဘေးက ကျွန်းတိုင်လုံးကို မှီထိုင်နေရင်းက အမေကဆွဲခေါ်သည်ကို ပေကပ်ကပ်လုပ်နေလိုက်သည်။

နှစ်ခါလောက်ထခိုင်းတာကို ပေနေသည်မို့ ဒေါ်မြမြသွေးလည်း ဘာလုပ်ရမှန်းမသိတော့ပေ။ အဲဒီ့လိုပေကပ်ကပ်ပုံစံကြောင့် သူ့အောက်ကအငယ်နှစ်ယောက်ထက် ဒင်းကိုပိုပြီးစိတ်ပူပေးနေရသည်။

"ဝါရွှေနုသွေး.....နင်အခုသွားမှာလား မသွားဘူးလား....ညဥ့်ဘဲနက်နေပြီ ကိုယ့်အခန်းကိုသွားအိပ်မှပေါ့....ဘာလဲ ငါ ညည်းအဖေကို သွားတိုင်ပြောရမလားပြော....."

"အမေနော်....တဆိတ်ရှိ ဝါ့ကို အဖေနဲ့ဘဲကိုင်ကိုင်ပေါက်နေတယ်....သွားမယ် သွားမယ်....ဟင့် ဝါက သမီးအရင်းမဟုတ်တော့ ရက်စက်ကြပေါ့...အဟင့်...."

ခြေဆောင့်ပြီး အခန်းထဲက သူမထွက်သွားတော့ မြခက်က တခစ်ခစ်နဲ့ရယ်နေလေသည်။ ဒေါ်မြသွေးလည်း သူ့သမီးကလေးဆန်ပုံကိုကြည့်ပြီး ခေါင်းရမ်းလျက်.....

ကျွီ.....မရဲတရဲနဲ့ အခန်းတံခါးဖွင့်ပြီးဝင်သွားကြည့်သည်။ သူက ခေါင်းအုံးကိုထောင်ကာမှီနေရင်း ဖုန်းနှိပ်နေလေသည်။ သူမဝင်လာတာမြင်တော့ တစ်ချက်ကြည့်ပြီး သူ့ဖုန်းဆီကိုဘဲ အာရုံပြန်ရောက်သွားလေသည်။

ဝါလည်း ဘာလုပ်ရမှန်းမသိတာနဲ့ ခုတင်နဲ့ အကွာမှာ တောင့်တောင့်ကြီးရပ်နေမိလိုက်သည်။

ဆယ့်ငါးမိနစ်လောက် ဝါရပ်နေတာကို သူသတိထားမိသွားတော့ ဖုန်းကိုပိတ်လိုက်ပြီး ခုတင်ဘေးကစားပွဲပေါ်တင်လိုက်ကာ....

"ဘာလုပ်နေတာလည်း.....ခင်ဗျား တစ်ညလုံး အဲဒီ့မှာမတ်တပ်ရပ်နေမှာလား.....နေပါဦး ယောကျ်ားယူတုန်းကယူပြီးမှ အခုမှဘာကိုကြောက်နေတာလည်း....လာ....လာအိပ်...."

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now