Part-17

3.5K 78 0
                                    

မချစ်တဲ့ဒုက္ခ

               {သို့}

                    (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၇)

"နင် ငါ့ကို ရေကူးဖို့ခေါ်မှာလား ရေငုတ်ခိုင်းမှာလား..."

သူ့နောက်ကနေ ဘောက်ဆတ်ဘောက်ဆတ်နဲ့လိုက်လာပြီး အော်ပြောနေသည့်သူမကို ကင်းမဲ့တစ်ချက်လှည့်ကြည့်လိုက်သည်။ ထက်နေထူးတို့စုံတွဲကတော့ သူမပုံစံကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြလေသည်။

သူမက ရေလိုက်ကူးချင်တယ်ပြော၍ လုံလုံခြုံခြုံလည်းဖြစ်အောင် ရေကူးပြိုင်တဲ့သူတွေဝတ်တဲ့ ဝတ်စုံပြည့်ဝတ်ခိုင်းခဲ့သည်။

"ဘာဖြစ်နေလို့လည်း လှပါတယ်....ခင်ဗျားကြည့်ကြည့်နေကျ F4ကားထဲက ဂင်ဂျန်ဒီဝတ်တဲ့ဝတ်စုံနဲ့တောင် တူသေးတယ်..."

"ဟွန့်...."

"ဟုတ်သားဘဲ ကင်းမဲ့ရာ....မင်း တခြားမိန်းကလေးတွေ တူးပိစ်ဝတ်ထားတာကျတော့ ကြည့်ကောင်းတယ်ဆို..."

"သူများက သူများဘဲ...ငါ့မိန်းမတော့ အဲဒီ့လိုမဝတ်ရဘူး."

"ဟ....ကပ်စီးနည်းလိုက်တာကွာ ငါ့ကောင်ရ"

"နည်းနည်းဘဲဟေ့ကောင်....ငါယူထားတာငါကြည့်ဖို့ဘဲ"

"ဟဲ့...."

သူများသမီးရည်းစားအတွဲရှေ့မှာ မဆင်မခြင်ပြောတဲ့သူ့ကို ဝါတစ်ချက်လှမ်းဟန့်ရသေးသည်။

"လာ...."

သူကလက်ဆွဲခေါ်တော့ ရေပြင်စိမ်းပြာရောင်ကျယ်ကျယ်ကြီးထဲ ကူးရမှာ ရင်တွေခုန်နေရသည်။ ဘေးကသူ့ကိုလှမ်းကြည့်မိတော့ ရင်အုပ်ကျယ်ကျယ်နဲ့ ယောကျ်ားပီသတဲ့ကြွက်သားတွေ... ရုပ်လေးကနုဖတ်နေသလောက် ခန္ဓာကိုယ်ကတောင့်တင်းလွန်းလှသည်။ ရှေ့ချထားတဲ့ဆံပင်စတွေက လေတိုက်တော့ လူးလွင့်နေလျက်။ ဝါ့ကိုဆွဲခေါ်တဲ့ သူ့လက်ဖျံပေါ်ကသွေးကြောစိမ်းတွေက လူကို သွေးဆောင်နေသယောင်။

မကြာမီ ခြေဖဝါးလေးကစပြီး ရေပြင်နဲ့ထိတွေ့မှုကိုခံစားရသည်။ပြီးနောက် ခြေကျင်းဝတ်ကနေ အပေါ်တဖြည်းဖြည်းတက်လာသည်က ဝါ့ရင်ခေါင်းနားအထိ ရေပြာရောင်စိမ်းစိမ်းတွေက ရောက်လာလေပြီ။ အောက်ခြေနဲ့​ခြေထောက်နဲ့လွတ်သွားပြီဆိုတာသိတော့ သူ့ခါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိ၏။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now