Intro💛

9.8K 133 1
                                    

"အ​ဖေ့ကြောက်လို့သာ လက်ထပ်ထားရတာ ....ငါအာ့မိန်းမကို တစ်စက်ကလေးမှ ခံစားလို့ရတာမဟုတ်ဘူး..."

"မင်းကလည်း ဝတ်ပုံစားပုံကသာ တောဆန်တာပါကွာ...ရုပ်ကလေးကချစ်စရာကောင်းပါတယ်..."

"ရုပ်ကသာချစ်စရာကောင်းတာ.... အပြောဆိုးပြီး ငွေတိုးချေးစားတာ အူကြောင်ကြောင်နိုင်တာတွေကရော..."

~~~~~~

"ခင်ဗျား.... သွားသွား အဲဒီ့ဂွမ်းစောင်ကြီးတွေခြုံအိပ်ရင် ကျုပ်နဲ့လာမအိပ်နဲ့သွား......တခြားအခန်းသွားအိပ်"

"ဘာလို့အိပ်ရမှာလည်း ဒီအခန်းကြီးငါလည်းပိုင်တယ် ပြီးတော့ နင်ကအဲကွန်းဖွင့်ရုံတင်မဟုတ်ဘူး ပန်ကာပါဖွင့်ထားတော့ ငါအအေးပတ်မှာကြောက်တာပေါ့ဟဲ့ ငမဲ့ကောင်ရဲ့....."

"ခင်ဗျားနော်........ခင်ဗျားဘာသာသရဲကြောက်လို့ ခြုံအိပ်တာများ ကျုပ်အပြစ်ဆိုပြီးလာလွှဲချမနေနဲ့......ရွှေဝါစုတ်ရဲ့ "

"တောက်စ်.....ဒီနေ့ညတော့ နင်နဲ့ငါသတ်ပြီးမှ အိပ်ရမယ်ထင်တယ်....."

"ခင်ဗျားသဘောလေ....ဘယ်လိုနည်းနဲ့သေချင်သလည်းဆိုတာသာပြောလိုက်"

ခွန်အားနဲ့အနိုင်ယူစွာပြောနေသည့် တုနှိုင်းကင်းမဲ့ကို ဝါ အမြင်ကတ်ကတ်နဲ့ လက်မောင်းသားကို ကုန်းကိုက်ပစ်လိုက်သည်။

"အား.....ခင်ဗျားတော့...တွေ့မယ်....ခင်ဗျားတော့...လာခဲ့စမ်း"

~~~~~~~~

"ဟဲ့...နင် အရက်တွေသောက်လာတာလား.. "

"ဟုတ်တယ်လေ ဘာဖြစ်လို့လည်း.... "

"နင့်အနံ့နဲ့ ငါမူးနေပြီ..အဝေါ့.."

"ဒုက္ခဘဲ...အရက်သောက်တဲ့သူကမမူးရဘူး အနံ့ရတဲ့ခင်ဗျားက ပိုမူးနေတယ်..."

~~~~~~

"ခင်ဗျား ရွာက သာဂိတို့ ချက်ကြီးတို့ကို လွမ်းနေတာလား...ခင်ဗျားလင်က ကျုပ်နော်..."

"ဟွန့်  ....နောက်တစ်ခါလေ ရပ်ကွက်ထိပ်က ဂေါပကလူကြီးတွေဆီက ငါမိုက်နဲ့လော်သွားငှားပေးမယ်... "

"ဘာလုပ်ဖို့လည်း..."

"တလင်လင်နဲ့ နင်ထိုင်အော်နေရအောင်လို့...."

"ဘာ....ခင်ဗျားတော့ လုပ်လိုက်ရ နာတော့မယ်...."

"အောင်မာ ထိရဲထိကြည့်လိုက်လေ....မယ်ဝါတဲ့တစ်ဝါထဲရှိတယ်နော်..."

~~~~~~

"ငါ အရင်တွဲခဲ့တဲ့ကောင်မလေးတွေလိုမျိုးသာ ချွဲတတ်နွဲ့တတ်ရင် ငါ့ရင်ခွင်ထဲ သူရောက်နေတာကြာလောက်ပြီ....အခုကကွာ....ငါကစိတ်တိုပြရင် သူကဘီလူးဆိုင်း​ပြန်တီး​ပြနေတာ...."

~~~~~~~~

"အမေတို့ ပေးစားတဲ့ အဲ့အကောင်ကို ယူပြီးကတည်းကလေ သမီးညညဆို မအိပ်ရဘူးသိလား"

"ဟဲ့...ဒါ နင် မိဘကိုပြောရမယ့်စကားလား...."

"ဟင် အမေဘာတွေတွေးနေတာလည်း..."

~~~~~~

"ကင်းမဲ့တို့တောင် တောသူနဲ့ညားမှဘဲ အပိုးကျိုးသွားတော့တယ်...ကောင်းတယ်ကွာ...ကောင်းတယ် ဆက်သာကျိုး ဆက်သာကျိုး"

~~~~~~

"ကွာမယ် ကွာမယ်... ဒီကောင်နဲ့ဝါ ဆက်မပေါင်းနိုင်တော့ဘူး.ရွာဘဲပြန်မယ်...."

~~~~~~~~

"ဒါဘယ်လဲ...."

"နင့်အပူလား..."

"ကျုပ်ကမပူဘူး.... ခင်ဗျားပူနေလို့ပြောတာ.....ဒီလောက်မိုးတွေရွာနေတာတောင် အကြွေးတောင်းထွက်နေတယ်......"

"ဘာဖြစ်လည်း...ငါ့ခန္ဓာကိုယ်နဲ့ငါ...နင်နဲ့မဆိုင်ဘူး...."

"အဟင်း.....ခင်ဗျားဗိုက်ကြီးကိုခွဲပြီးရင်တော့ ခင်ဗျားဘာသာ မိုးရေထဲလျှောက်သွားရုံမကလို့ စပါးပင်တွေကြားလှဲအိပ်နေနေကျုပ်နဲ့မဆိုင်ဘူး..."

"တုနှိုင်းကင်းမဲ့ နင်တော့နော်..."

ကျွန်တော်က ရောင်စုံကာလာတွေကို သဘောကျတယ်ပြောပြောပြီး အဖြူထည်မှ ချစ်မိသွားတာ....

တော်ပြီ တော်ပြီ ဒီလောက်ဘဲအမြည်းပေးမယ်...😝

အရမ်းဆိုးတဲ့ကောင်လေးကို သည်းခံမယ့်မမ ဇာတ်လမ်းမဟုတ်ပါဘူး.. သူသေကိုယ်သေ ဖိုက်မယ့်ဇာတ်ပါ...အသုံးအဖြုန်းကြီးပြီး အသန့်အပြန့်​ကြိုက်တဲ့ ကင်းမဲ့နဲ့ ငွေတိုးချေးတဲ့ဝါရွှေနုသွေး...😆😆

အာ့မှာစတွေ့ပြီဘဲ....

ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး ဖတ်ရမယ့်ficလေးပါ....မချစ်ဘဲယူကြတဲ့သူတို့နှစ်ယောက် ဘယ်လိုဒုက္ခတွေကြုံရမလည်းဆိုတာ စောင့်မျှော်ကြပါရှင်😅

Funnyနဲ့romanceပေါင်းစပ်ထားတာပါ....ဒီပုံစံက အခုမှပထမဆုံးရေးကြည့်တာမို့ အမှားများပါရင်ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း🙏....

✍~. ငွေဇင်နွယ်<Zapphia >💛

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now