part~3

4.1K 97 0
                                    

မချစ်တဲ့ဒုက္ခ

           {သို့}

          (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၃)

"ဟောဒီ့ရွာ တစ်ရွာလုံး ဒီသူငယ်မ အလှဆုံးပါကွယ်...."

အသက်၃၅ ၃၆လောက်ရှိမည့် လူတစ်ယောက်က ဖက်ဖူးစိမ်းရောင်ဝမ်းဆက်နဲ့သူမကိုကြည့်ပြီး ဆိုသွားသည်မို့ ကင်းမဲ့မျက်နှာတစ်ချက်တင်းသွားရသည်။

ထိုလူတင်မကပါ....အိုးစည်ဒိုးပတ်တီးဖို့ လူစုနေကြသည့်လူတွေကလည်း အလှူမလှည့်ခင် သူမကို အားမနာလျှာမကျိုးဝိုင်းကြည့်နေကြသေးသည်။

"မြမျိုး မြနွယ်. မြကမ္ဘာအလယ်မှာ ကြီးပြင်းလာသလား မမစိမ်းရယ်....ဝတ်သမျှအစိမ်း ဆင်သမျှအစိမ်း ပန်သမျှအစိမ်း....အစိမ်းရောင်ကြိုက်တယ်ဆိုတဲ့ အစိမ်းရောင်မင်းသမီးရယ်....... သူ့မျက်နှာတွေစိမ်းတယ်"ဟူတဲ့ နာမည်ကျော်တေးသံရှင် တွံ့တေးသိန်းတန်ရဲ့ စိမ်းသရဖူစိမ်းသီချင်းကို ဒင်းတို့တတွေ  အလဟဿဆိုနေကြသေးသည်။

မကြာခင်ဘဲ မင်္ဂလာဆောင်တော့မယ့် မိန်းကလေးကို လူပျိုအုပ်စုတွေ ဝိုင်းကြည့်ဝိုင်းစ ပိုးနေကြတာ....သတို့သားလောင်းဖြစ်တဲ့ သူတစ်ယောက်လုံးပါတာတောင် လေးစားမှုမရှိကြတာဘဲဟု...ကင်းမဲ့စိတ်ထဲတွေးရင်း ချဥ်မိသွားသေးသည်။

ဟိုဟာတွေက ဒီလောက်စနေတာ မိန်းကလေးဖြစ်ပြီးတည်တည်တံ့တံ့နေပါလား.....မဟုတ်ရဘူး.....ဒီအပျိုကြီးကိုက... ဒီလိုအစခံရတာကို  သဘောကျနေတာဖြစ်မယ်.....တောက်

ကာလသားတွေ သူမကိုဝိုင်းစနေကြမှန်း မယ်ဝါတစ်ယောက်ကတကယ်မသိပါ....သူမသူငယ်ချင်းအုပ်စုနဲ့သာ ရယ်စရာမောစရာပြောရင်း ရယ်နေတာဖြစ်သည်။

ပွဲတိုင်းလည်း သူမကို ကာလသားတွေ အခုလိုစကြပိုးကြနှင့်မို့ သူမအတွက်တော့ ရိုးအီနေပါပြီလေ.....

ဝါရွေနုသွေးရဲ့သတို့သားလောင်းမှန်း အားလုံးကသိကြပေမယ့် ကင်းမဲ့ကို အပျိုဖြန်းလေးတွေ တစ်ချက်တစ်ချက်ခိုးကြည့်ကြသေးသည်။

သူ့ကိုဘယ်သူတွေကြည့်နေသလည်းဆိုတာ တုနှိုင်းကင်းမဲ့စိတ်မဝင်စားပါ....။ သူမကို ဘယ်သူတွေကြည့်နေသလည်းဆိုတာကိုဘဲ စိတ်ဝင်စားနေလေသည်။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now