~မချစ်တဲ့ဒုက္ခ~
<သို့>
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၈)
"အဲဒါ့ ငါတို့ငယ်ငယ်တုန်းကတည်းက ပေါင်းလာခဲ့တဲ့သူငယ်ချင်းလို့ နင့်ကိုပြောပြီးပြီလေ...."
"မလိုချင်ဘူး....ခင်ဗျား အမှန်အတိုင်းပြောပြနော် ဒေါ်ရွှေဝါ...."
"ကျစ်......နင့်ကိုဘယ်သူကဘာတွေပြောလိုက်ပြန်ပြီလည်း...တုနှိုင်းကင်းမဲ့ "
"ဘယ်သူကပြောပြော.... ခင်ဗျားနဲ့အဲဒီ့အကောင်က ပတ်သတ်ခဲ့ဖူးတာသေချာတယ်....ခင်ဗျားပြောတော့ ငါကရည်းစားတောင်မထားခဲ့ဖူးပါဘူးဆို...."
"အဲဒါ့အမှန်ဘဲလေ....ပြီးတော့..... မင်းနိုင်က ကျောင်းဆရာနော် အကောင်လို့နင်သုံးနူန်းစရာမလိုဘူး..."
"တွေ့လား.....ခင်ဗျား....အဲ့ဒီကောင်ဘက်ကနာနေတာလေ ဘာလဲ .......အရင်ဆရာဝန်ကောင်ကို ကျုပ်ကခွာသွားအောင်လုပ်လိုက်လို့ အခုကျောင်းဆရာပေါ်လာပြန်တာလား...."
"တုနှိုင်းကင်းမဲ့.....နင်အရမ်းလွန်နေပြီနော်......နင်ကရောခြောက်ပစ်ကင်းသဲလဲစင်တာကျလို့...နင့်အရှုပ်ထုပ်တွေကျ နင်မမြင်ဘူး....ဘာမဟုတ်တဲ့ကိစ္စနဲ့ ငါ့ကိုလာမစွပ်စွဲနဲ့.........နင့်ထက်ငါက ပိုဖြူစင်တယ်...ငါ့အပေါင်းအသင်းသူငယ်ချင်းကိစ္စနဲ့ပတ်သတ်ပြီး..နင်နေရာတကာမှာဝင်ပြောစရာမလိုဘူး.. "
"ဘာ....ကျုပ်ကခင်ဗျားယောကျ်ားလေ...ကျုပ်မကြိုက်တဲ့သူတွေနဲ့တော့ ခင်ဗျားပေါင်းသင်းလို့မရဘူး...."
"မသိဘူး.....နင် ငါ့ကို ဘာမှလာမချုပ်ချယ်နဲ့ တုနှိုင်းကင်းမဲ့"
"ပြောရက်လိုက်တာဗျာ....ခင်ဗျားကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ယောကျ်ားဖြစ်သူကို ဘာမဟုတ်တဲ့ကောင်အတွက်နဲ့ ဒီလောက်အထိဖြစ်နေရလား...."
"နင် တော်တော့နော် တုနှိုင်းကင်းမဲ့.....ငါ့ယောကျ်ားဖြစ်တိုင်း ငါ့ကိုလာပြီးချုပ်ချယ်လို့မရဘူး.. ဝါရွေနုသွေးက ဘယ်သူ့အချုပ်အနှောင်မှ ခံခဲ့တာမဟုတ်ဘူး......"
"ဟဲ့ဟဲ့.....ဘာတွေဖြစ်နေကြတာလည်း.....ဟမ် "
အသံတွေက ကျယ်သွားတော့ အောက်ထပ်မှ ဒေါ်မြခက်နှင့် ခိုင်ရွှေဦးတို့ ပြေးတက်လာကြလေသည်။

YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...