~မချစ်တဲ့ဒုက္ခ~
<သို့>
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၃၀) {ဇာတ်သိမ်းပိုင်း}
"မ အမရာနှိုင်းသွေးရဲ့မိခင် ဟုတ်ပါတယ်နော်........"
"ဟုတ်ပါတယ် ဆရာမ....."
"ကလေးကလေ.....မိန်းကလေးသာဖြစ်တာ သိပ်ရန်ဖြစ်တာဘဲ....ပြီးတော့ကျောင်းခေါ်ကြိမ်လည်းမပြည့်ဘူးရှင့်.... စာကျတော့လည်း ညဏ်လေးကောင်းသလောက်မကြိုးစားချင်ဘူး.....အဲဒါ့လေးတစ်ချက်ခေါ်ပြောတာပါ....."
"ဟုတ်ကဲ့ဆရာမ.....ကျွန်မသမီးကို ကျွန်မဆုံးမလိုက်ပါ့မယ်........နောက်ဒီလိုတွေမဖြစ်စေရပါဘူး....."
"အဓိကကတော့ သူ့ကိုဆုံးမရင် ဂျစ်ကန်ကန်ပြန်ပြန်ပြောတတ်တဲ့ အကျင့်လေးကိုပြင်ပေးစေချင်ပါတယ်...... "
"ဟုတ်ကဲ့ဆရာမ.. အဲဒါ့ကလေ သူ့အဖေသူ့ကို အလိုလိုက်လို့ဖြစ်နေတာပါ......ကျွန်မသူ့ကိုသေချာဆုံးမလိုက်ပါ့မယ်ရှင်.... ဆရာမတို့ကိုလည်း တောင်းပန်ပါတယ်နော်... "
"ရပါတယ်ရှင်.....အမရာလေးက ဖြူဖြူနုနုနဲ့ချစ်စရာလေးပါ တကယ်ဆိုအရမ်းတော်နေတဲ့ကလေးတစ်ယောက် ဖြစ်နေရမှာ......သူ့မထီမဲ့မြင်နေတာတောင် ဆရာ ဆရာမတွေက ချစ်နေကြတာ.....သူသာလိမ္မာရင် ပိုလို့တောင်ချစ်ကြဦးမယ်... . "
"ဟုတ်ကဲ့ပါရှင် .....အခုလို ရာရာ့ကိုချစ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်နော် ဆရာမ...."
~~~
"မိရာရာ ညည်းတော့လေ ငါ့လက်နဲ့တွေ့တော့မယ်သိလား..."
"မေမေ ရာရာ့ကို တစ်လမ်းလုံးလည်း ကားပေါ်မှာရိုက်လာတာကို.......အခုမှလက်နဲ့တွေ့မယ်တဲ့လား....."
"ရာရာ.....ညည်းငါ့ကို ပြန်ပြန်ပြောနေတယ်ပေါ့လေ...တော်တော်သတ္တိကောင်းနေတာလား......ညည်းအဖေ့အားကိုးနဲ့လေ....."
"ဖေဖေက ရာရာ့ကိုဆိုအမြဲဦးစားပေးပြီးသား....မေမေကသာ မေမေ့သားလောက်ဘဲချစ်တာ....."
"ဟဲ့.....နည်နည်ကလိမ္မာတယ်လေ....ငါ့သားကတော်လည်းတော်တယ်....ညည်းသာအခုလိုကျောင်းကဆိုးလို့ မိဘခေါ်ခံရတာ...နည်နည်က အတန်းထဲမှာဆို အဆင့်၁ကနေ၃အထိအမြဲရပြီးသား....."
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...