part~7

4.1K 93 1
                                    

မချစ်တဲ့ဒုက္ခ

                   {သို့}

                          (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၇)

"သားက ဘယ်သွားတာလည်း....သမီး"

ဝါ ခြံထဲက ပန်းပင်တွေကိုရေလောင်းနေတုန်း အန်တီမုဒြာခင်ရောက်လာလေသည်။ ဝါလည်း လက်ဆွဲသံပုံးလေးကို ခဏချလိုက်ပြီး......

"သူ့သူငယ်ချင်းတွေလာခေါ်လို့ ပါသွားတယ်အန်တီ...."

"သြော်.....ဒီကောင်လေးလည်း....ပြန်မရောက်သေးဘူး လည်မယ်ပတ်မယ်ဆိုတာကြီးဘဲ....သမီးမယ်ဝါ အိမ်ထဲခဏလိုက်ခဲ့ဦး..... အန်တီပြောစရာရှိတယ်....."

"ဟုတ်....."

ဧည့်ခန်းကဆိုဖာမှာ အန်တီမုဒြာကဝင်ထိုင်ပြီး ဝါလည်း မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်သည်။

"အန်တီ ဝါ့ကိုပြောစရာရှိတယ်ဆို....."

"ဟုတ်တယ် သမီး.......သားကို အခုလိုလွတ်ချင်ရာလွတ်နေတာမျိုး အန်တီတို့မကြိုက်ဘူး..... ဒါ့ကြောင့် သူ့အဖေစက်ရုံမှာ အလုပ်ဝင်လုပ်ဖို့ သမီးကဘဲ ဖျောင်းဖျပေးပါကွယ်နော်..."

"သူက ဝါပြောတာနားထောင်ပါ့မလားအန်တီရယ်....ဝါနဲ့ကတည့်တာမဟုတ်ဘူး "

"သားက အလိုလိုက်ထားလို့ဆိုးနေတာပါ.....သူ့စိတ်ကရိုင်းစိုင်းနေတာမျိုးတော့မဟုတ်ပါဘူး....ပြီးတော့အပေါင်းအသင်းကိုအရမ်းခင်တဲ့စိတ်ကြောင့် သူ့ကိုယ်သူဖျက်ဆီးသလိုဖြစ်နေတာ"

"သူ့အပေါင်းအသင်းတွေကြည့်ရတာလည်း...ဟော့ဟော့ရမ်းရမ်းထဲကတော့မဟုတ်လောက်ပါဘူး အန်တီရယ်......သူတို့တွေက ငယ်ရွယ်သေးတော့ လူငယ်ပီပီလွတ်လပ်ချင်ပုံရတယ်......သူတို့အလုပ်နဲ့သူတို့ဖြစ်သွားရင် ခြေငြိမ်သွားကြမှာပါ....သူပြန်လာရင် ဝါတစ်နည်းနည်းနဲ့တော့ပြောကြည့်ပါ့မယ်"

"သမီး သူ့ကို ထိန်းနိုင်မယ်လို့ အန်တီကတော့ ယုံပြီးသား...ဒါနဲ့ သားငယ်က ဒီမှာdinnerပွဲလုပ်မှာဆို.....သမီးဝတ်ဖို့ဝတ်စုံကရော...."

"သူအကုန်ပြင်ဆင်ပြီးပြီလို့ပြောတယ်အန်တီ......သမီးလည်းသေချာမသိဘူး....."

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now